ပရိသတ်ကြီးကို Netflix ကနေ လတ်တလောထွက်ရှိလာတဲ့ystopian စတိုင် သိပ္ပံစိတ်ကူးယဉ်အက်ရှင်စွန့်စားခန်းဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်……..ဒီဇာတ်ကားလေးထဲမှာ ရောက်နေတဲ့သက္ကရာဇ်ကတော့ မဝေးတော့တဲ့အနာဂတ် ၂၀၃၅ ခုနှစ်ပါ…. လူသားတွေဟာ ဇီဝခြေလက်တု (bionic) နည်းပညာကိုအောင်မြင်ခဲ့ပြီးနောက်ပိုင်းမှာ အားကစားသမားတွေတောင် ခြေလက်တုတွေပဲအသုံးပြုပြီးယှဉ်ပြိုင်ကြပါတော့တယ် တခြားနယ်ပယ်ပေါင်းစုံမှာလည်းကောင်းတဲ့နေရာရော မကောင်းတဲ့နေရာရော စုံနေအောင် အသုံးချကြပါတယ်မာရီယာကတော့ အလျားခုန်ချန်ပီယံဖြစ်ဖို့အတွက် ကိုယ့်ခြေကိုယ်လက်နဲ့ကြိုးစားနေတဲ့သူတစ်ယောက်ပါ…ဇီဝခြေလက်တုနဲ့ ကြိုက်သလောက်အလျားကိုခုန်နိင်နေတဲ့အချိန်မှာ သူတို့လို သာမန်ရိုးရိုးခြေလက်နဲ့အားကစားသမားတွေကတော့ကြိုးစားလည်း ဘာမှတော့မထူးဆိုတဲ့အနေအထားပေါ့ဒါပေမဲ့ မာရီယာကတော့ အားမလျှော့ပဲ ကြိုးစားရင်း လက်ရှိချန်ပီယံဖြစ်တဲ့Bionic ခြေလက်ပိုင်ရှင် သူ့အမနဲ့ရင်ဆိုင်ရပြီးတော့သူတို့ရဲ့အားကစားပြိုင်ပွဲတစ်ခုသာမက ကျန်တဲ့နေရာတွေမှာပါဘယ်လိုအရှုပ်အရှင်းတွေရှိနေပြီးတော့ ဘာတွေဆက်ရင်ဆိုင်ရမလဲဆိုတာကိုတော့ပရိသတ်ကြီးပဲ ဆက်လက်ပြီးတော့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်