Better Times HD

Better Times

Comedy Drama HD 2023-12-21 6.3 105 Min

ဒါရိုက်တာ Milad Schwartz Avazရဲ့လက်ရာ ဒိန်းမတ်မိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။အမေဖြစ်သူ ကင်ဆာရောဂါနဲ့ဆုံးပါးသွားခဲ့ပြီးကတည်းက စိတ်အခြေအနေမကောင်းတဲ့ အော်စကာတစ်ယောက်အစ်ကိုဖြစ်သူ ကားလ်ရဲ့မိသားစုနဲ့အတူ လိုက်နေပါတယ်။တစ်ရက် အဖေဖြစ်သူရဲ့ မုန့်ဆိုင်ကို ဘဏ်ကနေအကြွေးသိမ်းမဲ့အကြောင်း တရားရုံးလာခဲ့ဖို့အကြောင်းကြားစာကကားလ်ဆီကိုရောက်လာတဲ့အတွက် ကားလ်နဲ့ အော်စကာတို့ သူတို့ညီကိုသုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့လူးကတ်စ်ကိုပါသွားခေါ်ပြီး သူတို့အဖေရှိတဲ့ မြို့လေးဆီထွက်လာခဲ့ကြပါတယ်။အမေဖြစ်သူ ဆုံးပါးသွားပြီးကတည်းက အတူတူမရှိခဲ့ကြတဲ့ သားအဖလေးယောက် ပြန်လည်ဆုံတွေ့ကြပုံ၊တစ်ဦးချင်းစီရဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြပုံတွေကို ဆွတ်ပျံ့ကြည်နူးဖွယ် ခံစားကြည့်ရှုကြရမှာပါ။