ကာရန်ဆိုတဲ့ကောင်လေးဟာ သူ့အဖေရဲ့ဆန္ဒအရငယ်ငယ်လေးကတည်းက ချစ်ခဲ့ရတဲ့ ချစ်ရသူ နာတာရှာကိုထားခဲ့ပြီး အန်ဂျလီနဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်။အန်ဂျလီဆိုတဲ့ကောင်မလေးကတော့ ရိုးရာယဉ်ကျေးမှုအတိုင်းထိန်းထိန်းသိမ်းသိမ်းနေတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။ကာရန်ကတော့ ဒီလို အတင်းအကျပ်ပေးစားတဲ့ မင်္ဂလာပွဲကိုမလုပ်ချင်တဲ့အတွက်ကြောင့်နဲ့ ဒီမင်္ဂလာပွဲကို ပျက်သွားအောင် ကြံစည်ပါတော့တယ်။ဒီအချိန်မှာပဲ အန်ဂျလီတစ်ယောက် နာတာရှာ့အကြောင်းကို သိသွားပြီးတဲ့နောက်မှာတော့သူငယ်ချင်းဖြစ်သူ ဗင်နော့နဲ့ ဆွေးနွေးတိုင်ပင်ပါတော့တယ်။ ဒီလိုနဲ့ ကာရန်, ဗင်နော့,အန်ဂျလီနဲ့ နာတာရှာတို့ကြားထဲက ဆက်ဆံရေး, ယုံကြည်မှု, ကိုးကွယ်မှုနဲ့ အနစ်နာခံမှုတွေနဲ့အတူကြည့်ရှုရမယ့် မိသားစု ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။