ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားလို့အဘိုးဖြစ်သူနဲ့နေထိုင်ခဲ့ရတဲ့ညီအစ်မ၂ယောက်အာဒယာနဲ့ အဘီတဲ့အာဒယာကအကြီးဖြစ်ပြီးရုံးအလုပ်လုပ်နေသူပေါ့တစ်နေ့တော့ရာထူးတိုးနဲ့ပြောင်းရွှေ့ကျလာပါတယ်သူသွားရမဲ့နေရာကတော့ဂိုအာပါ မြေးလေးကိုမလွှတ်ချင်ပေမဲ့မသွားမဖြစ်ဆိုတော့ စိတ်မချခြင်းတွေနဲ့အဘိုးဖြစ်သူကလွှတ်လိုက်ရတာပေါ့အာဒယာက အဖော်အဖြစ်နဲ့ ညီမလေးကိုပါခေါ်သွားခဲ့တယ်ဂိုအာရောက်တော့ ဇာတ်လမ်းစလာပါပြီ သူတို့အတွက်စီစဉ်ပေးနေတဲ့နေရာကအဆင်မပြေသေးတာကြောင့် ကုမ္ပဏီရဲ့ဧည့်ဂေဟာမှာရက်ပိုင်းလောက်နေဖို့အကြောင်းဖန်လာခဲ့တယ်ဒီဗီလာရဲ့ထူးခြားချက်ကတော့ ဗီလာနာမည်ကြားတဲ့လူတိုင်းကြောက်ကြတာပါအကြောင်းကတော့ ဗီလာထဲဝင်သွားတဲ့လူပဲရှိပြီး ဘယ်သူမှပြန်ထွက်မလာနိုင်လို့ပါပဲအကြောင်းမသိသေးတဲ့သူတို့ညီအစ်မကိုတော့ သတိပေးတဲ့လူကပေးပေါ့ဒါပေမဲ့လည်းဒီနေရာကလွဲ နေရာစိမ်းမှာ သွားစရာကမရှိတော့ဒီဗီလာမှာပဲနေဖို့ဆုံးဖြတ်လိုက်ကြရတယ်