မင်းသမီးချော နယန်သာရာရဲ့ ၂၀၁၀ ကထွက်ရှိခဲ့တဲ့အချစ်ဟာသရုပ်ရှင်ဟောင်းလေးကိုရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကတော့ ဘာစကာဆိုတဲ့အလုပ်မရှိအကိုင်မရှိလူငယ်တစ်ယောက်ပါ။သူက အလုပ်မရှိပေမဲ့ ၂၄ နာရီ အလုပ်များနေကြလို့လူတွေက သူ့ကို ဘော့စ်လို့ နာမည်ပြောင်ပေးထားကြပါတယ်။ဒါ့အပြင်သူဟာ အကောက်ခွန်စာမေးပွဲကို နှစ်ပေါင်းများစွာဖြေလာခဲ့သူဖြစ်ပြီးခိုးချတာတောင် စာမေးပွဲမအောင်တဲ့သူဖြစ်ပါတယ်။အဲဒီလိုနဲ့ ဘော့စ်ဟာ တစ်ခုသော စာမေးပွဲမှာ အခန်းစောင့်ရဲ့ ပါမောက္ခမလေးကိုကြိုက်မိသွားတဲ့အတွက် သူငယ်ချင်းဖြစ်သူနဲ့ပေါင်းပြီး စာမေးပွဲဖြေနည်းသင်တန်းဖွင့်ကာပါမောက္ခမလေး စိတ်ဝင်စားခံရအောင်လုပ်ရင်း တလွဲတချော်အခွီတွေဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။