Haunted Wedding HD

Haunted Wedding

Romance TV Movie HD 2024-10-12 7.4 84 Min

Haunted Wedding ကတော့ သရဲခြောက်မယ့်မင်္ဂလာဆောင်အကြောင်းရိုက်ကူးထားတာဖြစ်ပေမယ့် Romancအချစ်ဇာတ်လမ်းချိုချိုလေးကိုဟာသနှောရိုက်ကူးထားတာကြောင့်ပေါ့ပေါ့ပါးပါးအပန်းဖြေကြည့်ရှုရမယ့်ရုပ်ရှင်ကားဖြစ်ပါတယ်။Billionaire Ransom နဲ့ Vampire Academy ကမင်းသားချောဖြစ်တဲ့ Dominic Sherwood က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဘရိုင်ယန်နဲ့ဂျန်နာတို့ဟာ သရဲကိုသိပ္ပံနည်းကျလိုက်လံရှာဖွေရတာကိုဝါသနာထုံသူဖြစ်ကြပါတယ်။ တစ်ရက်မှာတော့ ဘရိုင်ယန်ကဂျန်နာကိုလက်ထပ်ခွင့်တောင်းခဲ့တာကြောင့် ဝါသနာတူနှစ်ဦးဖြစ်တဲ့ဘရိုင်ယန်နဲ့ဂျန်နာဟာ သရဲအရမ်းခြောက်လို့နာမည်ကြီးတဲ့ကီးစတုန်းအိမ်ကြီးမှာ မင်္ဂလာပွဲကျင်းပဖို့ ရွေးချယ်လိုက်ကြပါတယ်။ကီးစတုန်းအိမ်ကြီးမှာ ရာစုနှစ်ပေါင်းများစွာလူတွေကိုခြောက်လှန့်လာခဲ့တဲ့သရဲမလေးအန်ဂျယ်လစ်ဟာ သူနဲ့စေ့စပ်ထားပြီးလက်ထပ်ဖို့ရောက်မလာခဲ့တဲ့မယ်လ်ကွန်ကို မျှော်လင့်စောင့်စားနေတုန်းမှာပဲ ကီးစတုန်းကိုရောက်လာတဲ့ဘရိုင်ယန်ဟာ မယ်လ်ကွန်နဲ့ရုပ်ချင်းချွတ်စွပ်တူနေတာကိုတွေ့လိုက်ရပါတော့တယ်။  ဘရိုင်ယန်နဲ့ဂျန်နာတို့အကူအညီနဲ့ မယ်လ်ကွန်ကလည်း သူ့လိုပဲမကျွတ်လွတ်သေးဘဲရှိနေတာကိုသိလိုက်ရပြီးတဲ့နောက်မှာတော့ အန်ဂျယ်လစ်ဟာ သူတို့နှစ်ဦးပြန်ပေါင်းဖက်နိုင်ဖို့အရေးဆက်ကူညီမပေးဘူးဆိုရင် ဘရိုင်ယန်နဲ့ဂျန်နာတို့မင်္ဂလာပွဲကိုဖျက်မယ်လို့ခြိမ်းခြောက်လာတဲ့အခါ အန်ဂျယ်လစ်နဲ့မယ်လ်ကွန်တို့ပြန်ပေါင်းစည်းနိုင်မှာလား။ ဘရိုင်ယန်နဲ့ဂျန်နာတို့မင်္ဂလာပွဲကိုကျင်းပနိုင်မှာလားဆိုတာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။