Peak Season HD

Peak Season

Comedy Drama Romance HD 2024-08-08 5.25 82 Min

ဒီတစ်ခေါက်  ခရီးသွားရာသီရဲ့ တစ်ခန်းရပ် အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အေမီနဲ့ မက်စ်ဟာ မကြာခင်မှာ လက်ထပ်ကြတော့မဲ့ စုံတွဲတွေပါ။အေမီကတော့ မွန်းကျပ်စရာကောင်းတဲ့ သူ့အလုပ်ကနေထွက်ပြီးအနားယူဖို့ Wyoming က Jackson မြို့လေးဆီ မက်စ်နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။ လက်ထပ်ပွဲအကြို ခရီးစဉ်လေးပေါ့လေ။မက်စ်ကတော့ နဂိုအလုပ်များသူမို့ ခရီးသာထွက်လာတယ်သူ့အလုပ်နဲ့သူ ရှုပ်နေဆဲပါ။ ဒီလိုနဲ့ ရုတ်တရက် အလုပ်အရေးကြီးကိစ္စကြောင့် မက်စ်တစ်ယောက် နယူးယောက်ကိုခဏပြန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ Jackson မြို့မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့အေမီတစ်ယောက် ခရီးသွားလမ်းညွှန်၊ ငါးဖမ်းနည်းပြဖြစ်တဲ့ လော်ရန်နဲ့အတူ ငါးဖမ်းထွက်ကြ၊ မြို့အနီးအနားက အထင်ကရနေရာတွေသွားဖြစ်ခဲ့ကြပါတယ်။ တစ်ဘဝစာလုံးအတွက် အလုပ်တွေပဲလုပ်ပိုက်ဆံရှာရင်း အချိန်ကုန်နေခဲ့တဲ့ အေမီဟာ လွတ်လပ်ပေါ့ပါးပြီးသဘာဝနဲ့ တစ်သားတည်းကျနေတဲ့ လော်ရန်နဲ့ဆုံမိတဲ့အခါသံယောဇဉ်လေးတွေနှောင်ဖွဲ့လာပါတော့တယ်။သို့ပေမဲ့လည်း အေမီဟာ ဒီမြို့လေးကို ခဏသာ အလည်လာပြီးဆိုင်သူရှိနေတဲ့ ဧည့်သည်လေးပါပဲ။ဒီဇာတ်ကားဟာ ခဏတာကြုံကြိုက်ပြီး အချိန်တန်ရင် ခွဲခွာရမဲ့အေမီနဲ့လော်ရန်တို့ရဲ့ နှောင်ကြိုးလေးတစ်ခုကိုတင်ဆက်ရိုက်ကူးပေးထားတာဖြစ်ပါတယ်။ Wyoming ရဲ့ သဘာဝအလှအပတွေနဲ့တစ်ခန်းရပ်အချစ်ဇာတ်လမ်းလေးကို အားလုံးပဲ ခံစားကြည့်ရှုလိုက်ကြပါဦး။တင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့