The Shadow Strays HD

The Shadow Strays

Action Crime Thriller HD 2024-09-10 7.321 145 Min

ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ အက်ရှင်ကားကိုမှ သွေးထွက်သံယို ကြမ်းတမ်းတဲ့ဇာတ်ကွက်တွေနဲ့ ကြည့်ရှူရမယ့် IMDb Rating 6.7/10 ရရှိထားတဲ့ အင်ဒိုအက်ရှင် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းက‌တော့ မစ်ရှင်တွေကို ထမ်းဆောင်ဖို့ အဆင့်မြင့်လေ့ကျင့်ပေးထားတဲ့ သေမင်းရဲ့ အရိပ်ဆိုတဲ့ လူသတ်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဖွဲ့ထဲက ၁၃ ဆိုတဲ့ ကောင်မလေးက တိုက်ရည်ခိုက်ရည် ကျွမ်းကျင်ပေမယ့် မစ်ရှင်မအောင်မြင်ဘူးဆိုတဲ့အကြောင်းရင်းနဲ့ အနားပေးခံထားရတဲ့ ကောင်မလေးပါ။သူအနားရနေတဲ့အချိန် ဘေးအိမ်က သားအမိအိမ်မှာ လူဆိုးတွေ ဝင်သောင်းကျန်းပြီး အမေဖြစ်သူက သေသွားပြီး မွန်ဂျီဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။ မွန်ဂျီရဲ့ ဘဝကို စာနာသနားတဲ့ ၁၃ တစ်ယောက် မွန်ဂျီရဲ့ အမေကို သတ်သွားတဲ့လူတွေကို လက်စားချေဖို့ ကြိုးစားရင်း နောက်ဆုံးမှာ ဘယ်သူ့ရဲ့ အစီအစဉ်က တကယ် အောင်မြင်လာမှာလဲဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ သတ်ဖြတ်ခန်းတွေက သွေးထွက်သံယို ခြောက်ခြားစရာတွေများတာမို့လို့ နှလုံးခိုင်မှ ကြည့်ကြဖို့ အကြံပေးပါတယ်။