2011ခုနှစ်ကထွက်ရှိထားပြီး ရိတ်တင်လဲကောင်းမင်းသမီးချောလေး သမန်းနားရဲ့အလှတွေနဲ့ ရောစပ်ဖန်တီးထားတဲ့ဘောလိဝုဒ်ရုပ်ရှင်ကားဟောင်းတကားကို တင်ဆက်ပေးချင်ပါတယ်လူမိုက်လောကမှာ နာမည်ကြီးတဲ့ တိုနီဆိုတဲ့ လူငယ်လေးတစ်ယောက်၊သူ့ရဲ့ သတင်းတွေကတော့ မွှေးပျံ့နေရုံတင်မဟုတ်ဘဲသူ့အကြောင်းကိုမေးကြည့်လိုက်ရင် လူတစ်ယောက်ကိုတစ်မျိုးဖြေတဲ့အထိ သူ့ရဲ့ ဇာတ်ရုပ်က ပြောင်းလဲလွန်းတဲ့အတွက်လူတွေကတော့ သူ့ကို ပုတ်သင်ညိုဆိုပြီးတင်စား ခေါ်ဆိုကြပါတယ်။ဒီလိုနဲ့ တိုနီတစ်ယောက် ကတ်ရှ်မီးယားဘက်ကို အလည်သွားရင်းအကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးတော့နီဟာဆိုတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။အဲဒီလိုဖမ်းဆီးခံနေရတဲ့အချိန်မှာ နီဟာနဲ့ တိုနီတို့ စကားတွေပြောကြရင်းမသေခင် ကောင်မလေးတစ်ယောက်နဲ့ နမ်းချင်တယ်လို့ပြောလိုက်တဲ့ တိုနီ့စကားကြောင့် ပရဟိတမမလေး နီဟာက အနမ်းတစ်ပွင့်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့လည်း ယောက်ျားတွေကို မယုံဘဲ ဇာတ်လမ်းမရှုပ်ချင်တာကြောင့်အဲဒီနေရာကနေ နီဟာတစ်ယောက်တိတ်တိတ်လေးထွက်ပြေးလာခဲ့ပြီးတော့သူ့အိမ်ရှိရာ ဟိုက်ဒရာဘတ်ကို ပြန်လာခဲ့ပါတော့တယ်။ဘဝရဲ့ ပထမဆုံးအနမ်းကိုရလိုက်တဲ့ တိုနီတစ်ယောက်ကတော့နီဟာ့ကို စွဲလမ်းသွားပြီး နီဟာ့နောက်ကို လိုက်သွားရာကနေ …….ဘာပြောပြောသနားတတ်တဲ့ ပရဟိတမမလေး နီဟာနဲ့ တိုနီတို့ဘယ်လိုတွေ ရှေ့ဆက် ဇာတ်လမ်းဆက်ကြမလဲ ……ဆိုတာကို အချစ်,အလွမ်း,အမုန်း,အကြမ်း,ဟာသရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဒါ့အပြင် မင်းသားကြီး Murli Sharma ကလည်းအားဖြည့်ပါဝင်ထားတာဖြစ်လို့ မလွတ်တမ်းကြည့်ရှရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။