Omni loopဆိုတဲ့ ဇာတ်ကားလေးက အချိန်ခရီးသွားခြင်းနဲ့ပတ်သတ်ပြီးရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။Rating 83% ရှိပြီး 1987 ကတည်းက သရုပ်ဆောင်လောကထဲကိုဝင်လာခဲ့တဲ့ဝါရင့်သရုပ်ဆောင် Mary Louise Parkernရဲ့ ဇာတ်ကားအသစ်လေးဖြစ်ပါတယ်။ရူပဗေဒ ပညာရှင်တစ်ယောက်ဟာ သူ့ကိုယ်သူ အချိန်လှည့်ကြောထဲမှာပိတ်နေမှန်းသိရပြီး သူအသက်ရှင်ဖို အချိန်ငါးရက်သာကျန်ပါတော့တယ်။သူက သူကိုယ်သူပြန်ကယ်တင်ဖိုနဲ့ သူဖြစ်ချင်ခဲ့တဲ့အရာတွေကိုအချိန်နောက်ပြန်ဆုတ်ပြီး ပြန်လုပ်ဖို အချိန်သံသရာစက်ဝန်းရဲ့ ပြဿနာကိုဖြေရှင်းဖိုကြိုးစားပါတော့တယ်။တစ်နေ့မှာ သူက ထူးချွန်တဲ့ ကျောင်းသူလေးတစ်ယောက်နဲ့မထင်မှတ်ပဲတွေ့ဆုံပြီး အချိန်စက်ဝန်း ပြဿနာကိုဖြေရှင်းကြတဲ့အခါမှာ ဘာတွေဆက်ဖြစ်လာမလဲ….သူ့မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာမလား ဘာတွေရှာဖွေတွေ့ရှိသွားမလဲဒီဇာတ်ကားလေးက ရိုးရိုးရှင်းရှင်းနဲ့ စိတ်ဝင်စားမှုတွေကိုဖမ်းဆုတ်နိုင်ပြီးဘဝရဲ့ အဓိပ္ပါယ် ကို လှလှပပဖော်ပြသွားတဲ့ ကားလေးဖြစ်ပါတယ်။