စိတ်ဝင်စားစရာ တမီးလ်မှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဗီရာပန်ဒီဆိုတာ မိတဆိုးသမီးနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နေတဲ့ ဖခင်တစ်ယောက်။အကြီးမလေးက ဆယ်တန်းပြီးတော့ အဖေဖြစ်သူ ပင်ပန်းမှာစိုးပြီး ကျောင်းဆက်မတက်တော့။အငယ်မက ဆယ့်နှစ်တန်းတက်နေပြီး ဆရာဝန်ဖြစ်ချင်တဲ့သူ။သမီးတွေ စိတ်တိုင်းကျ နေထိုင်ခွင့်ပေးပြီး ညနေစောင်းရင်အရက်ကလေးတမြမြနဲ့ သေသွားတဲ့ဇနီးဖြစ်သူရဲ့ဓာတ်ပုံကို စကားထိုင်ပြောနေတတ်တယ်။သမီးငယ်ဖြစ်သူ ပရီယာအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ဗီရာပန်ဒီတစ်ယောက်အရူးမီးဝိုင်းဖြစ်ရပါတော့တယ်။သမီးငယ်ကိုသတ်သွားတဲ့ တရားခံတွေကို စုံစမ်းပြီး လက်စားချေဖို့ကြိုးစားချိန်မှာတော့မထင်မှတ်ထားတဲ့အကြောင်းအရာတွေနဲ့ တွေ့ကြုံလာရပါတော့တယ်။