လူတွေက သေဆုံးဖို့မွေးဖွားလာတာပဲမဟုတ်လားဒီနေ့ကိုနောက်ဆုံးလို့သဘောထား မသေချာသေးတဲ့မနက်ဖြန်တွေအတွက်တွေးပူမနေဘဲ မသေခင်လေးလုပ်ချင်တာတွေလုပ်ပြီးနေထိုင်သွားကြဖို့ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ထပ်ကာထပ်ကာမက်နေတဲ့ အိပ်မက်တစ်ခု အိပ်မက်ထဲတစ်ရွာလုံးမှာလူမရှိပေမဲ့သူ့နာမည်ခေါ်သံကိုကြားနေရတယ် အသံဘယ်နားကလာမှန်းလည်းမသိတစ်ရွာလုံးပတ်ရှာတော့လည်းလူမတွေ့ဘူးပေါ့ ဒီအိပ်မက်ကိုမက်တာအကြိမ်ရေမနည်းတော့တဲ့ အဘိုးတစ်ယောက် သေခြင်းကလက်တစ်ကမ်းရောက်နေလို့သူ့ကိုနိမိတ်ပြတာပဲလို့သတ်မှတ်ပြီး မသေခင်လေး ဗာရာဏသီကမြင့်မြတ်တဲ့နေရာတွေအလည်သွားချင်တယ်လို့ဆိုတော့ သားဖြစ်သူကအဖော်အဖြစ်နဲ့လိုက်ပါပို့ဆောင်ပေးတဲ့ဇာတ်လမ်းပါဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ လမ်းခရီးမှာတွေ့ကြုံရမဲ့အရာတွေနဲ့ပညာပေးတွေကြောင့် ကြည့်ရတာမဆိုးလှတဲ့ဇာတ်ကားပါပဲရှင်