အခုတစ်ခါမှာတော့ Sharkers ဆိုတဲ့ Dark Comedy ကားလေးကိုတင်ဆက်ပေးပါရစေ။ Dark Comedy ဆိုတဲ့အတိုင်း မိသားစုနဲ့၁၈နှစ်အောက်ကလေးတွေကြည့်ဖိုမသင့်တော်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့စကားပြောခန်းတွေပါတာကိုတော့ကြိုတင်သတိပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ ဖရန်ကီဆိုတဲ့လူငယ်လေးဟာ အတူနေချစ်သူလောရန်နဲ့ နေနေကြရင်း ချစ်သူသက်တမ်း၂နှစ်ပြည့်မှာတော့လောရန်ဟာ သူမရဲ့ထူးဆန်းတဲ့ လိင်စိတ်ကို ထုတ်ဖော်လာပြီး အဲဒါကိုအကောင်အထည်ဖော်ဖိုဖရန်ကီကိုတောင်းဆိုလာပါတော့တယ်။အဲဒီလိုနဲ့ ဖရန်ကီနဲ့လောရန်တို သဘောတူညီမှုယူပြီး လောရန်ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်ကြရာကနေ ဖရန်ကီတစ်ယောက်လောရန်ရဲ့စွန့်ပစ်တာကို ခံလိုက်ရပါတော့တယ်။ အသည်းကွဲနေတဲ့ဖရန်ကီဟာ ကလပ်မှာ ဆေးရောင်းတဲ့ကီဗင်နဲ့တွေ့ပြီး ရင်ဖွင့်မိရာကနေကီဗင်ရဲ့အိမ်ကိုလိုက်သွားမိပြီးမူးယစ်ဆေးတွေပါသုံးမိပြီး မကြုံစဖူးအတွေ့အကြုံတွေကို စတင်ကြုံတွေရပါတော့တယ်။ဖရန်ကီတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ဆေးတွေသုံးပြီးဘာတွေဇောက်ထိုးမိုးမျှော် မထင်မှတ်တာတွေ ဖြစ်မလဲဆိုတာကိုတော့ဆက်ကြည့်လိုက်ရအောင်ဗျာ။