Glorious HD

Glorious

Fantasy Horror HD 2022-07-21 9 79 Min

မဲပြာပုဆိုးဖြစ်နေတဲ့ ဇာတ်လမ်းကျောရိုးမဟုတ်သလို ဇိမ်ရှိရှိ Horror, Thriller အရသာခံပြီး ကြည့်ရှုလို့ရမဲ့ ဇာတ်ကားမျိုးပါ။ အသည်းကွဲပြီး ကားတစ်စီးနဲ့ ခြေဦးတည့်ရာ ထွက်လာတဲ့ ဝက်စ်တစ်ယောက် လမ်းခရီးမှာ တစ်ထောက်နားတဲ့ နားနေစခန်းတစ်ခုကို ရောက်လာခဲ့ပါတယ်။အသည်းကွဲမှတော့ ကုစားစရာ အရက်ကလွဲပြီး ဘာရှိမလဲနော်။ ဒီလိုနဲ့ မူးရူးကွဲပြဲပြီး အရက်နာကျနေတဲ့ ဝက်စ်ဟာ အများသုံးအိမ်သာထဲမှာ ဝင်အန်ပါတော့တယ်။ အန်ရင်းနဲ့ အိမ်သာဘေးခန်းက တစ်ယောက်က စကားစမြည် စပြောလာပါတယ်။ ဝက်စ်လည်း ဒီလူ စကားများလှချည်လားလို့ တွေးပြီး တစ်ခွန်းစ နှစ်ခွန်းစ ပြန်ပြောရင်းနဲ့ ပဲ အဆိုပါလူက သူဟာ လူမဟုတ်ကြောင်း ပြောလာပြီး ဝက်စ်ထွက်လို့မရအောင် တံခါးကို ပိတ်ချလိုက်တဲ့အခါမှာတော့ …