2024 မှာထွက်ရှိထားတဲ့ ဒါရိုက်တာ Anthony C. Ferranteကိုယ်တိုင်ဇာတ်ညွှန်းရေးထားတဲ့ Thriller ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ မျက်နှာသစ်မင်းသားမင်းသမီးတွေပြောလို့ရမဲ့Meghan Carrasquillo , Noam Sigler နဲ့ Francisco Angelini တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။Valentina နဲ့ Weston တို့စုံတွဲဟာ ကမ်းခြေမြို့တစ်ခုမှာ အပန်းဖြေခရီးထွက်ကြရင်း Weston မှာလှေမောင်းလိုင်စင်ရှိတဲ့အတွက်လှေတစ်စီးငှားပြီး scuba diving လုပ်ကြဖို့ ပြင်ဆင်ထားကြပါတယ်။ကံမကောင်းစွာနဲ့ဘဲ သူတို့သွားမဲ့နေ့ရဲ့ ညနေပိုင်းမှာ မုန်တိုင်းဝင်ဖို့ရှိနေတဲ့အတွက် စောစောပြန်လာရမဲ့အပြင် ငါးမန်းမလာတာဆယ့်ငါးနှစ်မျှ ရှိနေပြီဖြစ်တဲ့ ဆိပ်ကမ်းမှာ သူတို့သွားကြချိန်မှ ငါးမန်းတစ်ကောင်ပေါ်လာပါတော့တယ်…….