Cassino in Ischia HD

Cassino in Ischia

Action Comedy HD 2024-09-30 4.5 113 Min

ရုပ်ရှင်လောကမှာ သက်တမ်းရင့်လာပြီးအသက်ကြီးလာပြီဆိုရင်နောက်တက်လေးတွေကို လမ်းဖယ်ပေးရတာကထုံးစံတစ်ခုပါပဲ။တခြားနယ်ပယ်တွေမှာလည်း အဲ့လိုမျိုးဆိုပေမဲ့ ရုပ်ရည်နဲ့ လုပ်ကိုင်နိုင်စွမ်းတွေကိုမှီခိုပြီးလုပ်ကိုင်ရတဲ့အလုပ်မှာတော့ဒါမျိုးတွေကမလွှဲမရှောင်သာပါပဲ။အဲ့ဒါကိုလက်ခံနိုင်ပြီး အနားယူသွားတဲ့သူတွေရှိသလိုလက်မခံနိုင်ဘဲ ကိုယ့်ရဲ့အစွမ်းအစတွေကိုဆက်လက်ထုတ်ပြချင်နေသေးတဲ့ မင်းသားမင်းသမီးတွေလည်းရှိပါတယ်။အဲ့ဒီအကြောင်းတွေကို ဟာသလေးတွေနှောပြီးမှ မြင်သာအောင်ရိုက်ကူးပြသထားတဲ့ Cassino in Ischia ဆိုတဲ့အမေရိကန်-အီတလီဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ထဲက ကက်စီနိုဆိုတဲ့လူကအထက်မှာပြောခဲ့သလိုပဲအသက်ကြီးလာလို့ တက်သစ်စမင်းသားလေးတစ်ယောက်ကသူ့နေရာတွေကိုအစားထိုးလာတဲ့အခါမှာ လက်မခံနိုင် မကျေမချမ်းတွေဖြစ်ပြီး အကြံအိုက်နေပါတော့တယ်။ခေတ်ပေါ်ရေပန်းစား လူကြိုက်များတဲ့ဇာတ်ကားတွေမှာသရုပ်ဆောင်ဖို့ဆိုတော့လည်း အရိုးများသလေးချေးခါးသလေးဖြစ်နေတာနဲ့တိုင်တွေပတ်နေပါတော့တယ်။အဲ့ဒါကြောင့် အစ်စ်ကီရာဆိုတဲ့ကျွန်းလေးမှာ အပန်းသွားဖြေရင်း သူ့အစွမ်းအစတွေကိုထုတ်ပြဖို့ကိုယ်တိုင်ဇာတ်ညွှန်းရေးဖို့ကြိုးစားရင်းနဲ့ အဲ့ဒီကျွန်းပေါ်ကခင်မင်စရာကောင်းတဲ့လူတွေနဲ့တွေ့ပြီးအောက်ခြေကို ထိုးကျနေတဲ့သူ့သရုပ်ဆောင်အလုပ်ကို ဘယ်လိုပြန်ဆွဲတင်သွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။