The Three Stooges ကိုအားလုံးသိကြမှာပါ။ငယ်ဘဝရဲ့တစ်စိတ်တပိုင်း၊ ပရိသတ်ကို ပါးစပ်မစေ့ရအောင် ဖျော်ဖြေပေးတဲ့ လူသုံးယောက်အဖွဲ့ပေါ့။Stooge ကို မြန်မာလိုပြန်ရင် “အရူး” တဲ့။ အဲတော့ “အရူး သုံးယောက်” ပေါ့ဗျာ။ဒါပေမယ့် ဒီတစ်ခုကတော့ ခင်ဗျားတို့မြင်နေကြ Three Stooges မဟုတ်သလို ရယ်ရတဲ့ ဇာတ်လမ်းတစ်ခုလည်းမဟုတ်ပါဘူး။သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ဖော်ထားတဲ့ Docu/Drama ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ကျွန်တော်ဖတ်ဖူးတဲ့ စာတစ်ခုရှိတယ်။“အမြဲတမ်းရယ်မောနေတဲ့လူက ဝမ်းနည်းစရာတွေနဲ့အမြဲလိုလိုကြုံတွေ့နေရတဲ့လူဖြစ်ပြီး၊ပေါတောတောနေတဲ့လူတွေကလည်း ဘဝရဲ့ထိုးနှက်ချက်ကို အလူးအလဲခံဖူးတဲ့လူ” ဖြစ်ပါတယ်တဲ့။Robert DeNiro ရဲ့ “The King of Comedy” မှာဆို “ခင်ဗျားတို့ကိုအရမ်းရယ်ရတဲ့ ဟာသတစ်ခုပြောပြမယ်” ဆိုပြီးသူ့ဘဝကို ပြန်လည်ပြောပြတဲ့အခန်းပါပါတယ်။ဒီ Three Stooges မှာလည်းအဲလိုပါပဲ။