The Menendez Brothers HD

The Menendez Brothers

Crime Documentary HD 2024-10-07 7.4 116 Min

The Menendez Brothers (2024)Monsters series မှာ ပါဝင်ခဲ့တဲ့ မန်နန်းဒက်စ်ညီအကိုတွေရဲ့ မှတ်တမ်းရုပ်ရှင်ကြီး လာပါပြီ။ဒီမှတ်တမ်းရုပ်ရှင်မှာကတော့ series နဲ့မတူပဲ မန်နန်းဒက်စ်ညီအကိုတွေ အတူတူ နှစ်၃၀ကြာပြီးတဲ့နောက်ကိုယ်တိုင်ပြောပြချက်တွေ၊ သူတို့ရဲ့ အဖြစ်အပျက်အမှန်နဲ့ အမြင်တွေ၊ ဘဝဇာတ်လမ်းတွေကိုတင်မကတရားခွင် တစ်လျှောက်လုံးက အဖြစ်အပျက်တွေ၊ မှုခင်းမှာ အရေးပါ အရောက်ခဲ့သူတွေရဲ့အမြင်အတွေးတွေကိုပါရှုထောင့်မျိုးစုံကနေ ခံစားကြည့်ရှုနိုင်ကြမှာပဲဖြစ်ပါတယ်။ဇာတ်ညွန်း၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၀ရက်နေ့မှာ အမေရိကန်တစ်နိုင်ငံလုံးသာမက တကမ္ဘာလုံးအထိပါဟိုးလေးတစ်ကျော်ကျော်ဖြစ််သွားခဲ့တဲ့ လူသတ်မှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ လူသတ်မှုမှာသားကောင်ဖြစ်ခဲ့ရသူတွေက မန်နန်းဒက်စ်မိသားစုရဲ့ပဲ့ကိုင်ရှင် ဟိုဆေး မန်နန်းဒက်စ်နဲ့ ဇနီးဖြစ်သူကစ်တီမန်နန်းဒက်စ်။ သူတို့ကို သတ်ဖြတ်ခဲ့သူတွေက သားဖြစ်တဲ့သူတွေဖြစ်တဲ့အဲရစ်နဲ့ လိုင်း မန်နန်းဒက်စ်။ ရဲတွေနဲ့ လူတိုင်းလိုလိုက ယုံကြည်ထားတာကသူတို့က ငွေကြောင့်သတ်ခဲ့ကြတာပဲ။ဒါပေမဲ့ တရားခွင်မှာ ထွက်ပေါ်လာခဲ့တဲ့မန်နန်းဒက်စ်မိသားစုအတွင်းက မထင်မှတ်ထားတဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကြားမှာဘယ်သူကမှန်နေခဲ့တာလဲ ဘယ်သူကမှားနေခဲ့တာလဲဆိုတာကိုအဖြေရှာမရဖြစ်လာခဲ့တဲ့အခါမှာတော့ မန်နန်းဒက်စ်ညီအကိုတွေရဲ့လူသတ်မှုဟာနောင်တစ်ချိန်မှာ လူတိုင်းပြောစမှတ်ပြုကြရတဲ့ အမှုတစ်ခု ဖြစ်လာပါတော့တယ်။