ဇာတ်လမ်းအစမှာတော့ နာမည်ကြီးဂန္ဓာဝင်လူသတ်သမားကြီးပတ်ထရစ်ဟာအဝေးတစ်နေရာကနေ အသည်းသန်ပြန်လာပြီးဒွန်နိုဗန်နဲ့တွေဖို့လုပ်နေတယ်။ ဒွန်နိုဗန်ဆိုတဲ့သူကလည်း မကောင်းတဲ့ရာဇဝတ်မှုတွေကို လုပ်နေတဲ့သူပါ။ ဒွန်နိုဗန်ဆီရောက်တော့ပတ်ထရစ်ဟာသူဒီအလုပ်တွေကိုဆက်မလုပ်ချင်တော့ကြောင်းသူထွက်သွားနိုင်ဖို့အတွက်တစ်ခုခုစီစဉ်ပေးဖို့ပြောတယ်။မလုပ်ပေးရင်ပြဿနာရှာမယ့်ပုံစံမျိုးတော့ ဒွန်နိုဗန်လည်းကြားကောင်းအောင်လက်ခံလိုက်တယ်။ ပတ်ထရစ်ပြန်သွားတော့ဒွန်နိုဗန်ကအထက်လူကြီးတစ်ယောက်ကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်။ ဒုစရိုက်လောကကနေလွယ်လွယ်နဲ့ထွက်ရိုးထုံးစံမရှိတော့ပတ်ထရစ်ကိုရှင်းပစ်လိုက်ဖို့အမိန့်ချလိုက်တယ်။နောက်တော့ပတ်ထရစ်ကသူ နှစ်ပေါင်း ၂၀ ကြာအလုပ်လုပ်ပေးနေတဲ့ကားလို့စ်ဆီကိုထပ်သွားပြန်တယ်။ ဟိုရောက်တော့ သူဒီအလုပ်ကိုနားတော့မယ်ဖြစ်ကြောင်း ဒီမြို့ကနေထွက်သွားတော့မယ်ဖြစ်ကြောင်းပြောပြတယ်။ ကားလို့စ်က အစကတော့သဘောမတူချင်ပေမယ့်နောက်ဆုံးမှာအောင့်သက်သက်နဲ့လက်ခံလိုက်ရတယ်။ပတ်ထရစ်ပြန်သွားတော့ ကားလို့စ်က လူတစ်ယောက်ကိုဖုန်းဆက်ပြီးလုပ်လိုက်တော့လို့ပြောလိုက်တယ်။ ဂန္ဓာဝင်လူသတ်သမားကြီးကိုနှစ်ဖွဲ့ပေါင်းပြီးလုပ်ကြံတဲ့အခါမှာ ထင်ထားသလိုဖြစ်မလာတဲ့အခါ်မှာတော့…..