Daddy's Head HD

Daddy's Head

Horror HD 2024-10-10 5.15 97 Min

ဒီဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့Horror Genre ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ IMDb မှာ 5.7/10ဆိုတဲ့ Rating ကောင်းတစ်ခုကို ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Isaac ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သူ့အဖေကို မကြာသေးခင်ကမှ ကားမတော်တဆမှုတစ်ခုမှာ ဆုံးရှုံးလိုက်ရတာကြောင့် စိတ်ထိခိုက်နေပါတယ်။အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ မကောင်းဆိုးဝါးတစ်ကောင်က သူ့အဖေဟန်ဆောင်ကာ သူနဲ့သူ့အမေကြားပြဿနာတွေဖြစ်အောင် အမျိုးမျိုးနှောင့်ယှက်ရင်း Isaac ကိုပြုစားဖို့ကြိုးစားပါတယ်။အဲဒီမကောင်းဆိုးဝါးကို သားအမိနှစ်ယောက်ပေါင်းကာ ဘယ်လိုတွေမောင်းထုတ်ကြမလဲ၊ မကောင်းဆိုးဝါးရဲ့အကြံကရော အောင်မြင်သွားမလားဆိုတာတွေကို အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းက အစပိုင်းမှာတော့ နည်းနည်းရှုပ်သလိုလိုရှိပေမယ့် ကြည့်ရင်းကြည့်ရင်းနဲ့ သဘောပေါက်လာပြီးတော့ Horror vibe ကို လုံးဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။