Un/Dressed HD

Un/Dressed

Drama Thriller Romance HD 2024-09-20 5.7 103 Min

ဂျာမနီကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ညှို့အားပြင်း မင်းသမီးရဲ့ ဖုဖောင်းမို့အစ်တဲ့ ကိုယ်ခန္ဓာ ဗလာကျင်းအလှကို ဝေဝေဆာဆာမြင်တွေ့ရပြီး ချစ်တင်းနှောအခန်းတွေ ဟိုနေရာ ဒီနေရာ ပါနေလို့ ဆယ့်ရှစ်ယောက်စုပြီးမှ ကြည့်ရှုသင့်ပါကြောင်း။ ငယ်ရွယ်တဲ့ ဖက်ရှင်ဒီဇိုင်နာ အမျိုးသမီးငယ်လေး အယ်လ် က ပြင်သစ်ကနေ ပြန်လာပြီးနောက် အဘွားဖြစ်သူရဲ့ မာဂို ဖက်ရှင်ကုမ္ပဏီကြီးကို ရုတ်တရက် ဆက်ခံလိုက်ရတယ်။အယ်လ် ဟာ လူချမ်းသာမိသားစုဖြစ်တဲ့ ဝစ်တ် မိသားစုက ဆင်းသက်လာတဲ့ သီလို နဲ့ မကြာခင်လက်ထပ်တော့မယ့် ဆက်ဆံရေးမျိုး ရှိနေခဲ့တာပါ။ဒါပေမဲ့ စီးပွားရေးအဖွဲ့ကြီးနှစ်ခုရဲ့ ငွေကြေးခဝါချမှု လှည့်ကွက်တွေကြားမှာ ဖက်ရှင်ကုမ္ပဏီလေး မာဂို က ဆူးကြားက ဘူးခါးလို ကြားညပ်နေခဲ့တာပေါ့။ဒီလိုသပွတ်အူကုမ္ပဏီကိုမှ ဦးဆောင်လည်ပတ်ရတော့မယ့် အယ်လ် တစ်ယောက် လက်တွဲဖော် သီအို အပေါ် သံသယဖြစ်စရာတွေဖြစ်လာခဲ့ပါတယ်။ဒီလိုပဲ ဘယ်ကနေ ရောက်လာမှန်းမသိဘဲ အယ်လ် ရဲ့ဘဝနဲ့ နှလုံးသားထဲကို ဝင်လာခဲ့တဲ့ သက်တော်စောင့် လုံခြုံရေးမှူး ဘန် ကလည်း ဘဝတစ်ကွေ့မှာ ပါဝင်လာပြန်တာပေါ့။ဒီလိုနဲ့ စီးပွားရေးလှည့်ကွက်တွေကြားမှာ အဘွားဖြစ်သူက အသက်ပေးလိုက်ရ၊ ချစ်သူကလည်း မယုံရဘူးလား ယုံရမလား မသဲကွဲချိန်၊သက်တော်စောင့်လေး ဘန် နဲ့ မဖြစ်သင့်တာတွေ ဖြစ်လိုက်မိတဲ့ မိန်းကလေး အယ်လ် ရဲ့အကြောင်း ဟောဒီဇာတ်ကားမှာ ကြည့်ရှုရဖို့ရှိပါတယ်။