လူငယ်သုံးယောက် သီချင်းဖန်တီးဖို့အတွက် တောထဲဝင်သွားကြသောအခါ…Metal ဂီတဟာ ထင်ပေါ်ကျော်ကြားတဲ့ဂီတအမျိုးအစားတစ်ခုလို့ပြောရရင် မမှားပါဘူး။အဲ့ထဲက Blaငck metal ဆိုတဲ့အမျိုးအစားခွဲလေးတစ်ခုကတော့ သိပ်မပေါက်ရောက်တာကြောင့်ဝါသနာကြီးတဲ့ မိန်းကလေးတစ်စုက အဲ့ဂီတကို လူတွေကြားမှာ ရေပန်းစားလာအောင်ကြိုးစားပါတော့တယ်။သူတို့ရဲ့ပထမဆုံး ဒမ်မိုအတွက် ကာဗာပုံလေးတွေရိုက်ဖို့နဲ့ တောထဲတောင်ထဲက ခြောက်ခြားဖွယ်အသံတွေကိုဖမ်းယူရိုက်ကူးဖို့အတွက် သွားတဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်လာပါတော့တယ်။ဒီဇာတ်ကားကို ကင်မရာတစ်လုံးနဲ့ကိုင်ပြီး မှတ်တမ်းတင်ပုံစံမျိုးရိုက်ထားတာဖြစ်တာကြောင့် found footage သရဲကားအမျိုးအစားကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။