Gorre Puranam HD

Gorre Puranam

Comedy Drama HD 2024-09-20 8.3 0 Min

ပိတ်ရက်မှာ စိတ်အပန်းဖြေစရာ ထူးထူးခြားခြား တလေဂူးလ်ရုပ်ရှင်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။သိုးတစ်ကောင် ထောင်ကျတာ ခင်ဗျားတို့ကြားဖူးလား။ဟုတ်ပါတယ် ဒီထဲမှာ သိုးတစ်ကောင်ထောင်ချခံလိုက်ရပါတယ်။ဇာတ်ကြောင်းပြန်ရရင် အဲဒီသိုးရဲ့နာမည်က ရမ်တဲ့။ ရွာထဲမှာ ခွေးတစ်ကောင်သေသွားပြီးခွေးသေတာက သတင်းစာတွေထဲထိပါလို့ ရွာနာမည်ကြီးသွားတယ်ဆိုတာ ကြားပြီးသိုးကလေး ရမ့်စိတ်ထဲမှာ သတင်းစာတင်မဟုတ်ဘူး တီဗီတွေထဲထိနာမည်ကြီးအောင်လုပ်ပြမယ်ဆိုတဲ့စိတ် ဝင်သွားပါတယ်။တခြားသိုးတွေ စားကျက်မှာ အစာငုံ့စားနေတဲ့အချိန်မ်ကတော့ တောင်ကုန်းပေါ်ကနေ ခေါင်းထောင်ကြည့်ပြီးလှပတဲ့ နေရာသစ်ဆီကို ငေးမျှော်တမ်းတနေခဲ့တာပေါ့။တစ်နေ့မှာ ပွဲတော်အတွက် ယဇ်ပူဇော်ဖို့ သိုးလာဝယ်တဲ့အချိန်ရမ်တစ်ကောင်ပါသွားပြီးလွတ်မြောက်ဖို့ ကြိုးစားတဲ့အခါမှာတော့။သိုးတစ်ကောင်က ဘာလို့ထောင်ကျတာလဲ။ နာမည်ကြီးတစ်ကောင်ဖြစ်လာဖို့ရမ့်ရဲ့ရည်မှန်းချက်ပြည့်မှာလားဆိုတာ။