စုန်းမွေးထားတဲ့အိမ်သရဲမွေးပြီးအစာကျွေးတယ် စုန်းမွေးပြီးအစာကျွေးတယ်ဆိုတဲ့အကြောင်းအရာတွေဟာ ကျွန်တော်တိုငယ်ဘဝမှာ အမြဲတမ်းကြားဖူးနေတဲ့ယုံတမ်းပုံပြင်တွေပေါ့။ဒီလိုယုံတမ်းတွေဟာ ကိုယ်တွေအာရှဘက်မှာသာမက အနောက်နိုင်ငံတွေမှာလည်းရှိပါတယ်။အခုဇာတ်လမ်းလေးကတော့ အဲလိုမျိုးယုံတမ်းတစ်ခုကိုပုံဖော်ရိုက်ကူးထားတာပါ။နယူးအင်္ဂလန်မှာရှိတဲ့အိမ်ကြီးတစ်လုံးရဲ့ မြေအောက်ခန်းထဲကစုန်းမဟာ သူအသက်ရှင်ဖိုအတွက် အိမ်ကိုလာတဲ့လူတွေကိုစားသုံးရပါတယ်။ ပထမတော့စားသုံးတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ အိမ်မှာရှိတဲ့အိမ်ပိုင်ရှင်က ရည်ရွယ်ချက်ရှိရှိအဲဒီစုန်းကိုမွေးထားသလိုဖြစ်လာပါတော့တယ်။ Horror ကားတွေကိုစောင့်နေတဲ့သူတွေအတွက်တော့ ကြည့်လိုကောင်းမယ့် ဇာတ်ကားမျိုးပါပဲ။ သွေးသံရဲရဲသတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်ကလေးသူငယ်တွေနဲ့ ကြောက်တတ်သူတွေကြည့်ဖိုတော့မသင့်ပါဘူး။