အစ်မေးလ်ပူရ်ဆိုတဲ့ ရွာငယ်လေးမှာဘာသာရေးဂိုဏ်း၂ဖွဲ့ကအကြီးအကျယ်ပြဿနာဖြစ်ကြလို့အစိုးရကတောင်ပုဒ်မတွေထုတ်ပြီးရဲကင်းတွေစောင့်ကြည့်ရတဲ့အနေအထားတစ်ခုထိဖြစ်ခဲ့တယ်နေရာအနှံ့မီးတောက်တွေ မီးခိုးတွေတလူလူနဲ့ ငရဲအလားပေါ့ဇာတ်လမ်းအစမှာတော့ အဘွားကြီးတစ်ယောက်အိမ်ကိုကိုယ်ဝန်ဆောင်မိခင်ကညဘက်ကြီးခြံတံခါးလာခေါက်အကူအညီတောင်းရင်းစထားပါတယ် အဓိကရုဏ်းကြားကိုယ်ဝန့်ရင့်မာနေချိန်ဗိုက်ကမခံမရပ်နိုင်အောင်နာလာတာကြောင့်ကျန်းမာရေးစင်တာကို လူမသိအောင်ခိုးထွက်ရင်းလူမိသွားခဲ့လို့ အပြေးအလွှားနဲ့ ယောကျာ်းဖြစ်သူနဲ့ ကွဲခဲ့ရတယ်ဒီလိုအဓိကရုဏ်းကိုစလာစေတာကလည်း သူ့အမျိုးသားပါပဲဒါကြောင့်ဘယ်အိမ်ကမှလက်မခံလို့ နောက်ဆုံးကယ်တင်ရှင်အဘွားကြီးအိမ်ကိုရောက်သွားခဲ့တာပါအဘွားကြီးရဲ့ သမီးကဒီအမျိုးသမီးနဲ့သူတို့စခဲ့တဲ့ဇာတ်လမ်းကိုသိနေတော့ မကြည်ဖြူချင်အဘွားကလည်း ညဘက်ဖြစ်တာကြောင့်ပြန်မလွှတ်ချင်နဲ့နောက်ထပ်သူတို့ဆီကိုရောက်ရှိလာမဲ့အကြောင်းတရားတွေကိုတော့ ဆက်လက်ရှုစားလိုက်ပါရှင်