Horror ပရိသတ်ကြီးအတွက် အခုလတ်တလောကမှ ပူပူနွေးနွေးထွက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကတော့ သူငယ်ချင်းတစ်ဖွဲ့က မြေတိုက်ခန်း တစ်ခုထဲမှာပုလင်းလှည့်တဲ့ ကစားနည်း ကစားတာနဲ့ အစပျိုးထားပါတယ်။အုပ်စုထဲက ဝိုင်းပြီး အနိုင်ကျင့်နေကျ ကောင်မလေးရဲ့ အိမ်မှာလူကြီးတွေ မရှိချိန်ကို အဖွဲ့လိုက် လာကစားကြတာပါ။ကောင်မလေးရဲ့ အဖေက နတ်ဆိုးတွေကို ကိုးကွယ်ပူဇော်တယ်ဆိုပြီးသတင်းကြောင့် မယုံကြည်ကြတဲ့ သူငယ်ချင်းတွေက လူကြီးတွေမရှိချိန်ကို ပူဇော်တဲ့အခန်းထဲကို လာပြီး ဝင်ကြည့်ကြတာ ဖြစ်ပါတယ်။ပုလင်းလှည့်ကစားရင်း သူတို့ ဝိုင်းအနိုင်ကျင့်တဲ့ ကောင်မလေးအလှည့်ရောက်တဲ့ အချိန်မှာတော့….။ပုံမှန် Horror ကားတွေလိုပဲ plot က အရမ်းကြီး ကွဲထွက်နေတာမျိုးမရှိပေမယ့် အပျင်းပြေ ကြည့်ပျော်တဲ့ ဇာတ်ကားလေး တစ်ခုပါ။Jump Scare လေးတွေ ကောင်းသလို သရုပ်ဆောင်တွေကလည်းပီပြင်အောင် သရုပ်ဆောင်နိုင်ကြပါတယ်။