Outlaw HD

Outlaw

Action Crime Drama HD 2024-06-20 6 80 Min

ဒီတစ်ခါမှာတော့ IMDb မှာ 5.3/10 Rating ကို ရထားတဲ့Brazilian Action Drama ရုပ်ရှင်ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာရေးဆရာမ Raquel de Oliveira ရဲ့A Número Um ဆိုတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့ အဲဒီစာအုပ်ကလည်း ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုပေါ်ကို အခြေခံပြီး ရေးထားတာဖြစ်ပါတယ်။Rio de Janeiro မြို့ရဲ့ ရာဇဝတ်မှုတွေအပေါဆုံးဖြစ်တဲ့ Rocinhaဆိုတဲ့ ဆင်ခြေဖုံးရပ်ကွက်ထဲမှာမွေးလာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ဘဝကို biography ဆန်ဆန် ရိုက်ပြထားပါတယ်။သူ့ရဲ့ကလေးဘဝကို ဖြတ်သန်းရပုံတွေ၊ ဆေးသမားတွေလူမိုက်တွေကြားထဲမှာ နေထိုင်ရပုံတွေ၊ သူ့ရဲ့ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။Action Genre ဆိုပေမယ့် တစ်ကားလုံးပစ်ခတ်နေတာမျိုးမဟုတ်ဘဲDrama ဆန်ဆန် ရသပေါင်းစုံခံစားရမှာဖြစ်ပြီးတော့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဒုစရိုက်ဘက်ခြမ်းကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။