ဒီကားလေးဟာဆိုရင်တော့ Alexandre Postel ရဲ့ L’Ascendant novel ကိုပြန်ရိုက်ထားတဲ့ ပြင်သစ် Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအသွားအလာနှေးပေမယ့် နာရီ၀က်လောက်ပြီးသွားရင်တော့ စိတ်၀င်စားစရာကောင်းလာမှာ သေချာပါတယ်။မထင်မှတ်ထားတဲ့ plot twist လည်းပါတဲ့အတွက် ပြင်သစ်ကားငတ်နေတဲ့သူတွေအတွက်ရော အေးအေးလေးနဲ့ ကြည့်ရအဆင်ပြေတဲ့ဇာက်ကားကောင်းတစ်ကားကြည့်ချင်နေတဲ့သူတွေအတွက်ပါ အဆင်ပြေစေမှာပါ။ဇာတ်လမ်းကတော့ မင်းသားက နာမည်ရနေတဲ့ fashion designer တစ်ယောက်ဖြစ်ပြီးတော့ သူ့နှလုံးနဲ့ပတ်သတ်ပြီး သံသယ၀င်လာပါတယ်။သံသယ၀င်လာလို့ ဆရာ၀န်နဲ့တိုင်ပင်တဲ့အခါမှာ သူ့အဖေနဲ့ဆက်သွယ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဆက်သွယ်ဖို့လုပ်နေတဲ့အချိန်အတွင်းမှာ သူ့အဖေဟာဆုံးပါးသွားခဲ့ပြီး သူ့အဖေရဲ့ အမွေတွေကို ဆက်ခံဖို့ဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ…။