Feet of Death HD

Feet of Death

Horror HD 2024-08-29 4 106 Min

ဂျေဆန်တို့နယ်မြို့လေးနားက တောထဲမှာ တိရစ္ဆာန်တိုက်ခိုက်ခံရလို့သေဆုံးမှုက ပြည်နယ်တစ်ခုလုံးထက် နှစ်ဆလောက်များနေခဲ့ပါတယ်။ အဲဒါကြောင့် ဆိုရှယ်အင်ဖလူရန်ဇာတစ်ယောက်က တောထဲကသေဆုံးမှုတွေကို စုံစမ်းဖို့ရောက်လာခဲ့တယ်။ အဲဒီအင်ဇလူရန်ဇာပါသေသွားတော့ ဇနီးဖြစ်သူသေထားတာမကြာသေးလို့ဘူနေတဲ့ သစ်တောဌာနက ဂျေဆန်တစ်​ယောက် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စုံစမ်းဖို့ရာဖြစ်လာပါရော။ဒီသေဆုံးမှုတွေရဲ့ အဓိကလက်သည်က နှင်းလူကြီးဖြစ်မယ်လို့ တစ်ယောက်စကားတစ်ယောက်နား ပြောဆိုနေကြတဲ့ ကောလာဟလတစ်ခုရှိနေတာပါပဲ။ ဒီမှာပဲ ဂျေဆန်နဲ့ ရဲမှူးတို့ နှင်းလူအကြောင်းအတော်လေးသိပါတယ်ဆိုတဲ့ တောထဲက ဟင်နရီဆိုတဲ့လူဆီကို ရောက်သွားရာကစ မထင်မှတ်တာတွေ တွေ့လာရတဲ့နောက်မှာတော့…။