ဒီဇာတ်ကား ကတော့ ကျွန်တော်တို့ငယ်ငယ်က စစ်ကားအက်ရှင်ကားကောင်းဆိုရင် ပါတက်တဲ့မင်းသားကြီး Van Damme ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖို အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားကြီးVan dammeက မီးသတ်သမား တစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းသွားကတော့ ဟော်ကီပွဲမှာ ဓါးစာခံအဖြစ်ဖမ်းခံထားရတဲ့ ဒုသမ္မတနဲ့မင်းသားကြီးရဲ့ ကလေးတွေကိုကယ်တင်တဲ့အကြောင်းပဲဖြစ်ပါတယ်မင်းသားကြီးတစ်ယောက် ဘယ်လိုတိုက်ခိုက်မလဲအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတာကတော့ဇာတ်လမ်းလေးမှာကြည့်ရှူကြပါဦးခင်ဗျား။