The Crow: City of angels (1996) ဟာ 1994 ခုနှစ်က ထွက်ခဲ့ပြီး အရမ်းနာမည်ကြီး လူကြိုက္များခဲ့တဲ့ The crow ရဲ့ sequel ပဲ ဖြစ်ပါတယ်။ Brue lee ရဲ့ သားဖြစ်သူ Brandon Lee ရိုက်ခဲ့တဲ့ ပထမကားကိုတော့ မမှီတာတော့ အမှန်ပါ။ ဒီကားမှာေတာ့ Vincent Perez က The crow အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Ashe Corven (Vincent Perez) ရယ် သူ့သားရယ်ဟာ ဆိုးဆိုးရွားရွား အသတ်ခံလိုက်ရပါတယ်။ သတ်သွားတဲ့လူတွေကို လက်စားချေဖို့အတွက် Ashe Corven ဟာ The crow အဖြစ်နဲ့ သေရွာကပြန်လာပြီး ဘယ်လို လက်စားချေသွားမလဲဆိုတာကို ကြည့်ရှုကြရမှာပါ ခင်ဗျာ။