Captain Ron HD

Captain Ron

Comedy Adventure HD 1992-09-18 5.543 100 Min

ဟောင်းပေမဲ့ ရယ်မောနေရဆဲဖြစ်တဲ့ 1992 ခုနှစ်ထွက်ဟာသရုပ်ရှင်ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အမွေရတဲ့ရွက်‌လှေကို ပြန်ရောင်းဖို့အတွက်သွားယူကြရင်း အပြန်လမ်းခရီးမှာစွန့်စားခန်းမျိုးစုံကြုံတွေ့ခဲ့ရတဲ့ မိသားစုတစ်စုရဲ့အကြောင်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆုံးသွားတဲ့ ဦးလေးဖြစ်သူဆီကနေ အပျော်စီးရွက်လှေတစ်စီးကိုချီကာဂိုကဟာဗေးမိသားစုအမွေရလိုက်ပါတယ်။လှေကိုပြန်ရောင်းဖို့အတွက်ဆို လက်ရှိလှေရှိနေတဲ့ ကျွန်းကနေ မိုင်ယာမီကိုပြန်သယ်လာရမှာဖြစ်လို့  မိသားစုတစ်ခုလုံးလှေကိုသွားယူခဲ့ကြပါတယ်။ဒါပေမဲ့လည်း ရွက်လွှင့်ဖူးတဲ့အတွေ့အကြုံမရှိကြတာမလို့ မာလိန်မှူးတဖြစ်လဲရွက်လွှင့်နည်းတွေသင်ပေးလို့ရအောင် ကျွန်းပေါ်ကဒေသခံ ကပ္ပတိန် ရွန်ကိုငှားပြီးမိုင်ယာမီကိုပြန်ရွက်လွှင့်လာခဲ့ကြရင်း ပြောင်းမြောက်လှတဲ့ ကပ္ပတိန်ရွန်ရဲ့ ပဲ့ကိုင်စွမ်းရည်တွေတောင်ဘဝတစ်သက်စာမမေ့နိုင်မဲ့စွန့်စားခန်းတွေကိုဘယ်လိုဖြတ်ကျော်ကြရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။