The Fallen Bridge HD

The Fallen Bridge

Crime Drama HD 2022-08-13 5.222 113 Min

“တရားမျှတမှုနဲ့ အမှန်တရားဆိုတာ အမြဲတစေဆိုသလို ဒွန့်တွဲနေတဲ့အရာတစ်ခုပါအမှန်တရားဆိုတာ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ အရာတစ်ခုဆိုလဲမမှားဘူး”ဖခင် သေဆုံးမှူအတွက် အမှန်တရားကိုအပူတစ်ပြင်းရှာဖွေနေတဲ့ တက္ကသိုလ်ကျောင်းသူလေး – ဝမ်ရှောင်းယွီဝမ်ရှောင်းယွီရဲ့ ဖခင်သေဆုံးမှုက မျက်မြင်သက်သေတစ်ယောက်ဖြစ်တဲ့ စက်ပြင်သမားလေး – မုန့်ချောင်းကျုံးနမ်တံတားဟူသည် ဟွမ်ချွဲ့မြို့ကြီးရဲ့ အဓိက\ပေါင်းကူးတံတားဆိုရင်လဲ မမှားပါဘူးတစ်နေ့မှာ တံတားကြီး ပြိုကျပျက်ဆီးသွားခဲ့တဲ့အခါထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်အဲ့တာကတော့ တံတားအတွင်းမှာ လူသေအရိုးစုတစ်ခုတွေ့ရှိခဲ့ရခြင်းပါပဲ အဲဒီသေဆုံးသူကတော ဝမ်ရှောင်းယွီရဲ့ဖခင်ဖြစ်သူ ဝမ်လျောင့်ပါ တစ်နေ့မှာတော့မုန့်ချောင်းရဲ့ အကူအညီပေးမှုနဲ့အတူ ဖခင်ရဲ့သေဆုံးမှုဟာသွေးရိုးသားရိုးမဟုတ်တဲ့အကြောင်း ဝမ်ရှောင်းယွီသိရှိသွားခဲ့ပါတော့တယ်နစ်မြုပ်နေတဲ့ သဲလွန်စ တစ်စချင်းဆီနောက်ကိုနှစ်ယောက်သား အတူတူလိုက်လံရှာဖွေရင်းဝမ်ရှောင်းယွီရဲ့ မွေးစားအ​ဖေဖြစ်သူကျူးဖန်းကျန့် ကလူသတ်သမားဖြစ်နိုင်​ချေရှိတဲ့အကြောင်း သိရှိသွားချိန်မှာတော့…..?❏ ဘာတွေဆက်ဖြစ်ကြမလဲ ?❏ နောက်ကွယ်က လျို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကရော ဘာတွေဖြစ်လာမလဲ ?❏ လူသတ်သမားကရော သူတို့ထင်ထားတဲ့အတိုင်းဖြစ်နေနိုင်ပါ့မလား ?❏ သူတို့တွေ အပူတပြင်းရှာနေတဲ့ အမှန်တရားကရော ထွက်ပေါ်လာပါ့မလား ?ဆိုတာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ရှင်TFBOYS အဖွဲ့ရဲ့ ခေါင်းဆောင် ဝမ်ကျွင့်ခိုင်(မုန့်ချောင်း) နဲ့နာမည်ကြီး သရုပ်ဆောင်မင်းသမီး မာစစ်းချွမ်(ဝမ်ရှောင်းယွီ) တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင်