Nine Colors Deer King HD

Nine Colors Deer King

Drama Fantasy Adventure Mystery HD 2022-10-02 7.5 70 Min

ထူးဆန်းတဲ့ရောဂါကဒ်ဆိုးကြီး ပျံ့နှံ့နေတဲ့ဟွမ်းရီ ဆိုတဲ့ရွာကလေးကို ကယ်တင်ဖို့အတွက်ဏ္ဍာရီထဲက ကိုးရောင်ခြယ်သမင်ကိုရှာဖို့ဆုံးဖြတ်ခဲ့တဲ့ တောင်ရဲ့ အစောင့်အရှောက်ဖြစ်သူ – ချန်ရှန်းငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းပြီးချစ်ဖို့ကောင်းတဲ့ အသွင်အပြင်ရှိသူ / ဖခင်ရဲ့ရုပ်သေးပြပွဲတွေနောက်ကို တောက်လျှောက်လိုက်ရင်းရုပ်သေးကြိုးဆွဲ အတတ်ပညာရှင်တစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်နေသူလေး – ကွိုင်လီရုပ်သေးပြပွဲတွေကို မနှစ်သက်တဲ့ လနိုင်ငံတော်အရှင်သခင်ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့်ဖခင်ကိုပါဆုံးရှုံးလိုက်ရသလို အိမ်မက်တွေကိုပါတစ်ပြိုင်နက်ထဲ စွန့်လွှတ်လိုက်ရတဲ့အခါမှာတော့…..?လက်စားချေလိုတဲ့ အညှိုးအတေးတွေ အမုန်းအာဃာတတွေကြောင့်နတ်ဆိုးအရှင်မ ဆိုတဲ့ ဂုဏ်ပုဒ်ကို ကွိုင်လီ ဟာခံယူခဲ့ပါတော့တယ်လနိုင်ငံတော်ကို ထိန်းချုပ် လှုပ်ကိုင်ဖို့ နဲ့ သူမရဲ့မကောင်းတဲ့စွမ်းအားတွေ ပိုမိုအားကောင်းလာစေဖို့အတွက်နတ်ဆိုးအရှင်မ ကွိုင်လီဟာလဲကိုးရောင်ခြယ်သမင်ကို မြေလှန်ကာရှာဖွေလို့နေခဲ့ပါတော့တယ်လနိုင်ငံတော်ရဲ့ မင်းသားတစ်ပါးဖြစ်သူ ယန်ရီဟာတ်ဆိုးအရှင်မကို တားဆီးဖို့အတွက်ကိုးရောင်ခြယ်သမင် ရှာဖွေဖို့ လမ်းကြောင်းကိုပြတ်ပြတ်သားသားလျှောက်လာခဲ့ရာမှာ ချန်ရှန်း တို့နဲ့တွေ့ဆုံခဲ့ပါတော့တယ် ။ချန်ရှန်း / ယန်ရီ နဲ့ တစ်ခြားသောအမဲလိုက်မုဆိုးအဖွဲ့သားတွေဟာ နတ်ဆိုးအရှင်မအရင်ဦးပြီးကိုးရောင်ခြယ်သမင်ကိုရှာဖွေတွေ့ရှိဖို့အပူတပြင်းကြိုးပန်းခဲ့ကြတဲ့အခါမှာ –❏ ဘာတွေဆက်ဖြစ်ကြမလဲ?❏ နတ်ဆိုးအရင်မ အရင်ဦးပြီး ကိုးရောင်ခြယ်သမင်ကိုရှာတွေ့ကာ လနိုင်ငံတော်ကိုကယ်တင်နိုင်ပါ့မလား❏ ရောဂါကဒ်ဆိုးကြီးဆိုက်ရောက်နေတဲ့ဟွမ်းရီဆိုတဲ့ရွာကလေးကိုရော သူတို့တွေကယ်တင်နိုင်ပါ့မလား❏ ကိုးရောင်ခြယ်သမင်ကိုသွားရောက်ရှာဖွေရာလမ်းမှာရောသူတို့ ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့ကြရမလဲ…..?ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့Fantasy,Adventure အမျိုးအစားaဇာတ်ကားလေးတစ်ကားပဲဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်