Victory HD

Victory

Comedy Drama HD 2024-08-14 5 120 Min

Reply 1988 ထဲမှ Lee Hyeri၊ Seoul Busters ထဲမှ Park Se Wan၊ Doctor Cha ထဲမှJo Aram တို့ကို ၁၉၉၉ ခုနှစ်က အက ဝါသနာထုံတဲ့ ကောင်မလေးတွေအဖြစ် မြင်တွေ့ရမဲ့ဇာတ်ကားသစ်လေး ထွက်ရှိလို့လာပါပြီ။ဂေါဂျယ်မြို့လေးမှာ နေထိုင်တဲ့ ဖီးဆွန်းနဲ့ မီနာတို့ သူငယ်ချင်း နှစ်ယောက်ဟာDancer ဖြစ်ဖို့ အိပ်မက်မက်နေကြတဲ့ ကျောင်းသူ နှစ်ဦးဖြစ်ပြီး ကျောင်းမှာလည်းအခွင့်အရေးရရင် ရသလို တိပ်ခွေတွေ ဖွင့်ပြီး ကတတ်ကြပါသေးတယ်။အက ဘုရင်မ ဖီးဆွန်းတို့ရဲ့ ကျောင်းကို Cheer Leader အတွေ့အကြုံရှိတဲ့ ဆယ်ဟျွန်းရောက်ရှိလာတဲ့ အခါမှာတော့…အကအသင်းဖွဲ့ချင်တဲ့ ဖီးဆွန်းတစ်ယောက် ဆယ်ဟျွန်းနဲ့အတူ သူ့ရဲ့ အိပ်မက်တွေကိုဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်သွားပြီး ဘယ်လိုအောင်မြင်အောင် လုပ်ကြမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ကြ‌ရအောင်။အိပ်မက်ရှိတဲ့ လူငယ်တွေရဲ့ သဘာဝကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးမလို့အချိန်ပေးရကြိုးနပ်မှာတော့ အသေအချာပါပဲ။