Attack Jiajin Mountain HD

Attack Jiajin Mountain

War HD 2024-10-02 8.3 96 Min

တရုတ်ကွန်မြူနစ်တပ်တွေရဲ့တော်လှန်ရေးသမိုင်းမှာ အရေးကြီးတဲ့နှင်းတောင်ကြီးဖြစ်တဲ့ကျာကျင်းတောင်ကိုကျော်နိုင်ဖို့လမ်းကြောင်းရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ကျာကျင်းတောင်ရှိရာနယ် ရွာလေးမှာနေတဲ့တိဘက်တန်ရွာသားလေးကကူမင်တန် စစ်သားစုဆောင်းရေးမှာပါသွားပြီး သူ့ဆန္ဒမပါပဲစစ်တက်ထဲဝင်ခဲ့ရတယ်။အခွင့်အရေးရတာနဲ့ သူတို့ညီအစ်ကိုကထွက်ပြေးခဲ့ကြတယ် ဒါပေမယ့်အစ်ကိုဖြစ်သူက ကူမင်တန်တွေရဲ့သေနတ်အောက်မှာ သေခဲ့ရတယ်။အဲ့ဒီအချိန်မှာ လူတစ်စုရောက်လာပြီး သူတို့ကိုကျာကျင်းတောင်ကိုခေါ်သွားပေးဖို့လမ်းပြအဖြစ်ငှါးခဲ့တယ်။ လမ်းတစ်လျှောက် ရွာလုံးကျွတ်သတ်ဖြတ်တဲ့ကူမင်တန်တွေရဲ့ စက်ဆုတ်ဖို့ကောင်းတဲ့လုပ်ရပ်တွေကိုမြင်ကြရတယ်။ကူမင်တန်တွေရဲ့ရန်ကလွတ်အောင်ရှောင်ပြေးရင်း ကြမ်းတမ်းတဲ့တောလမ်းခရီးကိုကျော်ဖြတ်ရင်း တပ်ဖွဲ့ကြီးအတွက် ကျာကျင်းတောင်ကိုမရောက်ရောက်အောင်သွားတဲ့ ကွန်မြူနစ်တွေရဲ့ဇွဲကိုပြတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။