ဒီဇာတ်ကားလေးကတော့ 2012 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့Amber Alert ဆိုတဲ့ရုပ်ရှင်ကို remake ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ IMDb မှာ 5.9/10 ဆိုတဲ့ rating ကို ရရှိထားပြီးတော့အရင်ဇာတ်ကားဟောင်းရဲ့ ဒါရိုက်တာကပဲ ဒီဇာတ်ကားအသစ်ကိုရိုက်ကူးထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင်တွေအနေနဲ့ Tyler James Williams, နာမည်ကြီးHeroes series နဲ့အတူ နာမည်ရလာတဲ့ Hayden Panettiere,ဝါရင့်သရုပ်ဆောင်ကြီး Kevin Dunn တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း*********အနောက်နိုင်ငံတွေမှာ ကလေးပြန်ပေးဆွဲမှုဖြစ်ပြီဆိုရင် AMBER alertဆိုတဲ့ သတိပေးချက်ကို ထုတ်ပြန်ပြီးတော့ ဒေသခံတွေရဲ့အကူအညီနဲ့အတူ တရားခံကိုဖမ်းဆီးပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Jacqueline နဲ့Shane ဆိုတဲ့ ဒေသခံနှစ်ယောက်က ပြန်ပေးဆွဲတရားခံကို ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ဖမ်းဆီးကြပုံကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။Thriller Genre ဖြစ်တာနဲ့အညီ ကြည့်ရှုသူတွေကို Plot twist တွေနဲ့အသည်းတယားယားဖြစ်အောင် ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအသွားက တကယ်မိုက်ပြီးတော့ ရသမျိုးစုံပေးစွမ်းနိုင်ကာကြည့်ရှုသူပရိသတ်ကို ဇာတ်လမ်းအဆုံးထိ ခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။