ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လင်ဒါက ကျောင်းတစ်ခုကမနုဿဗေဒဌာနရဲ့ဆရာမတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်လည်းလွယ်ထားရပါတယ်။ ဆရာမဆိုပေမယ့် ဌာနကသူ့ကိုအမြဲတမ်းဝန်းထမ်းအဖြစ်လက်မခံချင်ဘူးဖြစ်နေတယ်။ယောက်ျားဖြစ်သူနော်မန်ကပြည်သူ့အမှုဆောင်ရှေ့နေဖြစ်ပြီးတော့အိမ်လခ ကလေးစရိတ်စတာတွေပေးချေနေတဲ့အတွက်လင်မယားနှစ်ယောက်လုံးရဲ့ဝင်ငွေနဲ့ထွက်ငွေဟာ မမျှတဘူးဖြစ်နေတယ်။ဒီကြားထဲကျောင်းအုပ်ဖြစ်သူကိုမကျေနပ်တဲ့အတွက် ဘယ်လင်ဒါကအလုပ်ထွက်လိုက်ပါသေးတယ်။ ဒီလိုအခြေအနေဆိုးတွေကြားမှာအဝေးမှာနေထိုင်နေတဲ့နော်မန်ရဲ့အဖေကအစာအိမ်ကင်ဆာနဲ့ဆုံးသွားပါတယ်။နော်မန်က သူ့အဖေနာရေးကိုမဖြစ်မနေသာသွားရတယ်။သူ့စိတ်ထဲမှာငယ်စဉ်ကသူ့ကိုနှိပ်စက်ခဲ့တဲ့ အစွန်းရောက်ခရစ်ယာန်မိထွေးဖြစ်သူကိုမတွေ့ချင်ဘူး။ ဒါပေမယ့် ရှောင်လွှလိုမရဘဲအခြေအနေဖြစ်သွားတဲ့အတွက်တွေ့လိုက်ရပါတော့တယ်။ သူ့မိထွေးက ပိုင်ဆိုင်သမျှအရာအားလုံးကိုနော်မန်တိုကိုပေးပြီး သူတိုနဲ့လိုက်နေမယ်လိုပြောတယ်။နော်မန်ရဲ့အဖေကလည်း မသေခင်မှာသူ့မိန်းမကိုစောင့်ရှောက်ပေးဖိုသေတမ်းစာရေးခဲ့တဲ့အတွက် နော်မန်တိုလည်းလက်ခံလိုက်ရတယ်။နှစ်တွေကြာလိုမိထွေးဖြစ်သူကိုပြောင်းလဲသွားမယ်လိုထင်ခဲ့ပေမယ့်တကယ်တမ်းမှာ ထင်ထားသလိုဖြစ်မလာတဲ့အခါမှာတော့…….