Azrael HD

Azrael

Action Horror Thriller HD 2024-09-27 5.818 86 Min

The Haunting of Bly Manor စီးရီးရဲ့ ပရိုဂျူဆာဖြစ်သူE.L. Katz ရိုက်ကူးထားတဲ့ ဟော်ရာ အက်ရှင် ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ချီဆောင်ခြင်းခေါ် ခရစ်ယာန်ဘာသာရေးယုံကြည်မှုအရ ကမ္ဘာကြီးရဲ့ အဆုံးသတ်အပြီးနှစ်အတော်ကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ကမ္ဘာပေါ်မှာ ရှိတဲ့ အသက်ရှင်ကျန်တဲ့လူနည်းစုတွေအကြောင်းပါပဲ။အဲဒီထဲက လူအတော်များများကလည်း စကားမပြောကြတော့ဘူးဖြစ်ပါတယ်။အဓိက သရုပ်ဆောင် မင်းသမီးကတော့ အကျဉ်းစခန်းတစ်ခုထဲကနေထွက်ပြေးလာတဲ့သူဖြစ်ပြီး သူ့ကို ရှေးဟောင်းမကောင်းဆိုးရွားတစ်ကောင်ဆီမှာ ယဇ်ပူဇော်ဖို့ ကြိုးစားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ရင်ဆိုင်ရပြီးအသက်ရှင်ဖို့ ရုန်းကန်တိုက်ခိုက်ရပုံတွေကို ပြထားတာဖြစ်ပါတယ်။အသတ်အဖြတ်ခန်းတွေ ကြမ်းတာမို့ ကလေးတွေ မကြည့်သင့်ကြောင်းတော့သတိပေးလိုပါတယ်။