နာရယ်ဟာ ဘာမင်ဂမ်မှာ ဖက်ရှင်ဒီဇိုင်းပညာရပ်ကို လာရောက်သင်ယူလေ့လာနေတဲ့ အင်ဒိုနီးရှားသူလေးတစ်ယောက်ပါ။သူ စိတ်ဝင်စားတဲ့ပညာရပ်ကို အနီးကနေ အားဖြည့်ပေးနေတာကတော့ သူနဲ့ လူမျိုးတူ ဗာဂတ်စ်ဆိုတဲ့ ဓာတ်ပုံပညာရပ်ကို စိတ်ဝင်စားတဲ့ကောင်လေးတစ်ယောက်ပါပဲ။နိုင်ငံရပ်ခြားရောက်နေပေမယ့်လည်း အနားမှာ ချစ်ရတဲ့သူငယ်ချင်းတွေအပြင် ဗားဂတ်စ်ပါရှိနေတာကြောင့်ဘဝကို အေးအေးချမ်းချမ်းပဲဖြတ်သန်းနေတဲ့ နာရယ်တစ်ယောက်ဆီကို တစ်နေ့မှာတော့ မထင်မှတ်ထားခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်လို့လာခဲ့ပါတယ်။ဒါဟာ ဘာများဖြစ်လိမ့်မလဲဆိုတာနဲ့ နာရယ်တစ်ယောက် နောက်ပိုင်း ဘယ်လိုဆက်လက်ရှင်သန်းဖြတ်သန်းသွားမလဲဆိုတာကိုတော့ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရှုပြီးတော့ အတူတူအဖြေရှာကြည့်လိုက်ကြပါဦး။