ဟော်ရာရုပ်ရှင်တွေမှာ ဆရာတစ်ဆူလိုဖြစ်နေတဲ့ အင်ဒိုဟော်ရာရုပ်ရှင်ကားသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ယွန်းနဲ့ဆူရီဆိုတာ အချစ်ဆုံးသူငယ်ချင်းတွေ။ သူငယ်ချင်းနှစ်ယောက် ကတိပြုထားကြတာကတစ်ယောက်ရဲ့ဘဲကို ကျန်တစ်ယောက်က စိတ်နဲ့တောင်မပစ်မှားကြေးပေါ့။ကတိသစ္စာတည်သော်ခါဝယ်ဆိုသလိုပဲ ယောကျ်ားတစ်ယောက်တည်းကို လင်တော်လိုက်ကြတဲ့သူငယ်ချင်းနှစ်ယောက်။မယားကြီး မယားငယ်ဆိုပေမဲ့ အရမ်းကိုချစ်ခင်ရင်းနှီးကြတော့ ပတ်ဝန်းကျင်ကတောင် ချီးကျူးထောပနာပြုကြရပါတယ်။ဒါပေမဲ့လည်း ဒုတိယဇနီးဖြစ်တဲ့ ယွန်းတစ်ယောက် ကိုယ်ဝန်အရင့်အမာလွယ်ထားရတဲ့အချိန်မှာတော့ထူးဆန်းမှုတွေ ကြုံတွေ့လာရပါတော့တယ်။ဘယ်သူက သစ္စာဖောက်ပြီး ဘယ်သူကပဲ မကောင်းတဲ့နည်းလမ်းတွေနဲ့ကြံစည်လဲဆိုတာကိုတော့ထိတ်လန့်ခြောက်ခြားဖွယ်ရာ ခံစားကြည့်ရှုလိုက်ကြပါဦး။