Spellbound HD

Spellbound

Comedy Romance HD 2023-02-01 6 107 Min

ရိုမန့်စ်သက်သက် ဟာသသက်သက် သရဲကားသက်သက်တွေမဟုတ်ဘဲသရဲကားကိုမှ ရိုမန့်စ်လည်းပါဟာသလေး‌လည်းနှောထားတဲ့ဇာတ်လမ်းမျိုးကြည့်ချင်တဲ့သူတွေရှိပါသလား။ဒါဆိုရင်တော့ ဒီတစ်ခေါက်  က ဘာသာပြန်တင်ဆက်ထားတဲ့pellbound ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေဖြစ်တဲ့Lee Min Ki နဲ့ Son Ye Jiတို့ကအဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအညွှန်းကတော့*********************လမ်းဘေးမျက်လှည့်ဆရာဖြစ်တဲ့မာဂျိုဂူ(အီမင်ဂီ)တစ်ယောက်တစ်နေ့ လမ်းပေါ်မှာမျက်လှည့်ပြနေရင်းဂန်ယောရီ(ဆုန်းယယ်ဂျင်)လို့ခေါ်တဲ့ ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။လူတွေနဲ့လည်းစကားမပြော ရောရောထွေးထွေးမနေဘဲ သီးသန့်ဆန်တဲ့ယောရီကဂျိုဂူရဲ့ ကြောက်မက်ဖွယ်ရာမျက်လှည့်ရှိုး‌အတွက်စိတ်ကူးစိတ်သန်းတွေပေးနိုင်တဲ့သူတစ်ယောက်ဖြစ်လာပြီးနှစ်ယောက်သား မျက်လှည့်ရှိုးတွေကို အတူတွဲလုပ်ဖို့ဖြစ်လာပါတော့တယ်။အလုပ်အတူတွဲလုပ်တာကြာပေမဲ့လည်း အရင်လိုသီးသန့်ဆန်နေဆဲဖြစ်တာကြောင့်ဂျိုဂူတစ်ယောက် ယောရီနဲ့ရင်းနှီးရအောင် ကြိုးစားပါတော့တယ်။ဒါပေမဲ့ ယောရီမှာ သူမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်ကြီးရှိနေတာကိုသိလိုက်ရတဲ့အခါ….အဲဒီလျှို့ဝှက်ချက်က ဘာများဖြစ်မလဲ….နှစ်ယောက်သားရဲ့ရိုမန့်စ်ကရော ဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့Spellbound ဆိုတဲ့ဇာတ်လမ်းလေးမှာ အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ..