ဒီတစ်ခါ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုတာက၂၀၁၁ တုန်းက ထွက်ရှိခဲ့ပြီးတော့ ပရိသတ်တွေရဲ့ ရင်းနှီးပြီးသား ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့Hwang Jung-Min, Kim Sang-Ho, Kim Min-Hee နဲ့ Jin Goo တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Mystery, Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့*************************၁၉၉၄ ခုနှစ်မှာ ဆိုးလ်းမြို့စွန်မှာရှိတဲ့ ဘာရမ်တံတားမှာအမျိုးအမည် မသိတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။သတင်းဦးသတင်းထူးရချင်တဲ့သတင်းထောက်အီဘန်းအူ (Hwang Jung-Min)က သွားရောက်စုံစမ်းခဲ့ပြီးမြောက်ပိုင်းကသူလျှိုရဲ့လက်ချက်ဖြစ်တယ်ဆိုတဲ့ အတွင်းသတင်းကိုရလာခဲ့ပေမဲ့မွေးရပ်မြေက ညီငယ်တစ်ယောက်ဖြစ်တဲ့ ယွန်းဟျော့ (Jin Goo) ကဒီပေါက်ကွဲမှုက လုပ်ဇာတ်ဖြစ်နိုင်တယ်ဆိုတဲ့အတွေးစနဲ့ အချက်အလက်တချို့ကိုပေးသွားခဲ့ပါတယ်။ဒီအချက်အလက်တွေကို လုပ်ဖော်ကိုင်ဖက်သတင်းထောက်တွေဖြစ်တဲ့ဆုန်းဂျင်ဂီ (Kim Sang-Ho)နဲ့ ဟိုဂွမ် (Kim Min-Hee)တို့နဲ့အတူပူးပေါင်းစုံစမ်းရင်းနဲ့နောက်ကွယ်မှာဘယ်လိုအမှန်တရားမျိုးကိုတွေ့ရှိလာရမလဲ ဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။