၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အားလုံးရဲ့ အချစ်တော် Ma Dong Seokမင်းသားကြီး Yoo Ji Tae နဲ့The Flu ထဲက မင်းသမီး Park Soo Ae ပါဝင်ထားတဲ့Midnigt FM ဆိုတဲ့ မှုခင်းဇာတ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ် ..နာမည်ကြီးရေဒီယိုအစီအစဉ်တင်ဆက်သူ ဂိုဆွန်းယောင်း(Soo Ae) ကသမီးဖြစ်သူရဲ့ကျန်းမာရေးကြောင့်ရေဒီယိုဒီဂျေအလုပ်ကနေ အနားယူဖို့စီစဉ်ခဲ့ပါတယ်။အနားမယူခင်နောက်ဆုံးနေ့မှာ အမှတ်တရဖြစ်သွားအောင်သူ့အစီအစဉ်ရဲ့ ပရိတ်သတ်တွေထဲက တစ်ယောက်ဖြစ်တဲ့ဒေါ့ထယ်(Ma Dong Seok)ကိုသူမရဲ့အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ပုံမှန်အတိုင်း အစီအစဉ် တင်ဆက်နေရင်းနဲ့ရုတ်တရက် သူမဆီ ဖုန်းဝင်လာပြီးတော့သူမရဲ့ညီမဖြစ်သူနဲ့ ကလေးတွေကို ဖမ်းဆီးထားပြီးသတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့ပါတယ်။ညီမဖြစ်သူနဲ့ ကလေးတွေကို လူသတ်သမားရန်ကနေ ကယ်တင်နိုင်ဖို့ဆိုရင်လူသတ်သမားပေးတဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန်နဲ့ ဖြေဆိုရမှာပဲဖြစ်ပါတယ်။ဒီတော့ ဂိုဆွန်းယောင်းအနေနဲ့ လူသတ်သမားလက်ကနေညီမနဲ့ကလေးတွေကို ဘယ်လိုနည်းနဲ့ကယ်တင်မလဲ။ဆွန်းယောင်းရဲ့ပရိတ်သတ်ဖြစ်တဲ့ ဒေါ့ထယ်ကလည်း ဘယ်လိုတွေ ကူညီပေးသွားမလဲဆိုတာကိုဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် ..