C'est Si Bon HD

C'est Si Bon

Comedy Drama Romance HD 2015-02-05 7 120 Min

နာမည်ကြီးသရုပ်‌ဆောင်‌တွေဖြစ်တဲ့ Han Hyo Joo, Kang Ha Neul,Jung Woo ,Jin Goo, Jo Bok Rae တို့ပါဝင်သရုပ်ဆောင်ထားတဲ့ဂီတကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်တစ်ခေတ်တခါကကိုရီးယားနိုင်ငံရဲ့နာမည်ကြီးစတိတ်စင်ဖြစ်တဲ့ဆဲရှီဘုံဆိုတာကအဆိုတော်တွေကိုမွေးထုတ်ပေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ယွန်းဆဲတက္ကသိုလ်ကျောင်းသားဆေးကျောင်းသားလေးဖြစ်တဲ့ယွန်းဟျွန်းဂျူ (Kang Ha Neul ) ဟာဆိုရင်အပတ်စဉ် ဆဲရှီဘုံရဲ့ထိပ်တိန်းဆုကို သိမ်းပိုက်ထားတဲ့သူပါ။ဟားဗတ်မှာ ကျောင်းဆက်တက်မှာမို့ သီချင်းဆိုတာကို ရပ်နားတော့မဲ့တစ်နေ့မှာသူ့နေရာကို လုယူမယ့် ဆုန်းချန်းရှစ် (Jo Bok Rae)ကပေါ်လာပါတယ်။အဆိုအပိုင်းမှာ တစ်ဖက်ကမ်းတော်ကြပေမဲ့ နှစ်ယောက်ကိုအဆိုတော်အဖွဲ့ဖွဲ့ဖို့လုပ်ရင်းကနေ ရွာသားလေးအိုဂွန်းထယ် (Jung Goo)ကပါသူတို့အဖွဲ့ထဲပါလာပါတယ်။တစ်ယောက်နဲ့တစ်ယောက် ရွဲ့စောင်းနေကြတဲ့ သူတို့ကြားမင်ဂျာယောင်း (Han Hyo Joo)လို့ခေါ်တဲ့ သရုပ်ဆောင်ဝါသနာပါတဲ့ ကောင်မလေးကသူတို့ကြားထဲဝင်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။မင်ဂျာယောင်းအချစ်ကိုဘယ်သူရသွားမှာလဲ။သူငယ်ချင်းတွေ ဘယ်လိုအခက်အခဲတွေဖြတ်ကျော်ရင်ဆိုင်ရင်း အောင်မြင်သွားကြမလဲဆိုတာဒီဇာတ်ကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ် ..