မင်းသား Park Hae Ilနဲ့ မင်းသမီး Shin Min Ah တို့ပါဝင်သရုပ်ဆောင်ထားတဲ့…ဇာတ်လမ်းအညွှန်း-ချွဲဟျွန်းက ပေကျင်းတက္ကသိုလ်က ပါမောက္ခတစ်ယောက်ဖြစ်ပြီး…တရုတ်ကောင်မလေးတစ်ယောက်နဲ့လက်ထပ်ထားတာပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ နာရေးကိုတက်ရောက်ဖို့ …ကိုရီးယားကိုပြန်လာခဲ့ပါတယ်။ ကိုရီးယားကို ပြန်ရောက်တာနဲ့…ဂယောင်းဂျူမြို့လေးဆီကိုပါ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။လွန်ခဲ့တဲ့ ၇နှစ်ဂယောင်းဂျူမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က..ပန်းချီကားတစ်ချပ်ကို မမေ့နိုင်တာကြောင့် ပြန်ကြည့်ဖို့သွားခဲ့တာပါ။လက်ဖက်ရည်ဆိုင်ကိုရောက်တဲ့အခါမှာတော့ ဆိုင်ပိုင်ရှင် အသစ်ဖြစ်တဲ့…မိန်းမလှလေးဂုံးယွန်းဟီးနဲ့ တွေ့ပါတော့တယ်။ ယွန်းဟီးကိုပန်းချီကားအကြောင်းမေးရင်း…နှစ်ယောက်ရင်းနှီးသွားကြပြီး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။