ရှေးယခင်တုန်းက မကောင်းဆိုးဝါးမိစ္ဆာတွေကိုထိန်းချုပ်ဖို့ရန်အတွက်နဂါးမျိုးနွယ်ဇာမဏီမျိုးနွယ်အပြင်ထူးဆန်းစွာနဲ့အမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တို့တွေက အသက်နဲ့ပေးဆပ်ပြီးထိန်းချုပ်ထားကြလို့လူ့ပြည်မှာ သာယာအေးချမ်းမှုတွေရရှိခဲ့ကြတယ်။ဒါပေမဲ့ မြေခွေးမျိုးနွယ် အမြှီးခြောက်ချောင်းနဲ့အမြှီးကိုးချောင်းဆိုပြီး မျိုးနွယ်နှစ်ခုကွဲခဲ့တယ်။အမြှီးကိုးချောင်းကတော့ နတ်အဖြစ်ကျင့်ကြံတဲ့လမ်းစဉ်ကိုကျင့်သုံးပြီး အမြှီးခြောက်ချောင်းကတော့မိစ္ဆာလမ်းစဉ်ကိုကျင့်ကြံကြတယ်။ဒီလိုနဲ့ တစ်နေ့မှာဒီမျိုးနွယ်နှစ်ခုပဋိပက္ခတွေဖြစ်ခဲ့ပြီးအမြှီးကိုးချောင်းမြေခွေးမျိုးနွယ်တွေပျက်သုဉ်းသွားတဲ့အချိန် လူ့ပြည်မှာမကောင်းဆိုးဝါးတွေ တဖန်ပြန်လည်ခြယ်လှယ်ခဲ့ပါတော့တယ်။အဲ့အချိန်မှာပဲ အမြှီးကိုးချောင်းမျိုးနွယ်ဝင်စူးရှန်ကလည်းဒီပဋိပက္ခကြားမှာပါခဲ့ပြီးဒဏ်ရာရတဲ့အချိန်မှာလူ့ပြည်ကစာပေသမားတစ်ယောက် ကျန်းရှန်းရဲ့ကယ်ဆယ်မှုကြောင့် အသက်ရှင်ခဲ့တယ်။အချိန်အတော်ကြာတော့စူးရှန်က မြေခွေးကနေလူအသွင်ပြောင်းပြီးနှစ်ဦးသား နှလုံးသားချင်းနီးစပ်ခဲ့ပြီး လက်ထပ်ခဲ့ကြတာပေါ့။ဒါပေမဲ့တနေ့မှာတော့ သူဘေးတွေ့နေတဲ့အချိန်ကျန်းရှန်းဟာ သူ့အသက်ကိုစတေးပြီးဒီစူးရှန်မြေခွေးလေးကိုရှင်သန်အောင်ပေးဆပ်ခဲ့တယ်။ဒါကို စူးရှန်ကကျေးဇူးနဲ့ခံစားချက်ကိုသိမ်းထားပြီး ကျန်းရှန်းလူသားအဖြစ်ပြန်လည်မွေးဖွားလာမယ့်အချိန်ကို နှစ်ငါးရာတိတိစောင့်ဆိုင်းရှာဖွေခဲ့တယ်။နှစ်ငါးရာကြာပြီးနောက်မှာကျန်းရှန်းကအင်မတန်မှထူးချွန်တဲ့ ဖူအိမ်တော်ရဲ့ဖူစုန့်လင်အဖြစ်မွေးဖွားလာခဲ့တယ်။ဖူစုန့်လင်ကတော့တိုင်းပြည်မင်းမှုထမ်းစာမေးပွဲတွေမှာအဆင့်တစ်နဲ့အောင်လေ့ရှိပြီး ကျိကျိုးမှာပညာသင်ကြားဖို့အတွက်မိဘအိမ်ဆီပြန်လာခဲ့တဲ့နေ့မှာတင်စူးရှန်ကလည်း သူ့ကိုမှတ်မိနေမလားစိတ်နဲ့ဖူစုန့်လင်နားချဉ်းကပ်ဖို့ရန်ကြိုးစားပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့နည်းမျိုးစုံကြိုးပမ်းမှုအောက်မှာ ဖူစုန့်လင်စိတ်ယိုင်ခဲ့သွားတဲ့အချိန်မှာတင်စူးရှန်ကအမြှီးကိုးချောင်းမြေခွေးမှန်းသိလိုက်ရတဲ့အချိန်မှာဘာတွေဆက်ဖြစ်နေကြမလဲ။ ဖူစုန့်လင်မွေးဖွားလာတဲ့အချိန်ကလောကကြီးမတည်ငြိမ်ဖြစ်နေတဲ့အချိန် လူနဲ့မကောင်းဆိုးဝါးကြားဒွန်တွဲမှုတွေဖြစ်လာတဲ့အခါ ဘာကိုရွေးချယ်သွားမလဲ။စူးရှန်ကကော သူ့ကိုအသက်နဲ့လဲပြီးပေးဆပ်ခဲ့တဲ့ချစ်ရတဲ့လူကိုဘယ်လိုကျေးဇူးပြန်ဆပ်မလဲဆိုတာတွေတော့ဒီဇာတ်ကားလေးထဲမှာတဝကြီးဆက်လက်ကြည့်ရူရအောင်