Squid Game မှ မင်းသားကြီး Lee Jung Jae နဲ့ The Roundup,My Wife is a Gangster စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့မင်းသားကြီး Lee Beom Soo တို့ အတွဲညီညီနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ဟာသဇာတ်ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့..အိုဆန်းဝူ (Lee Jung Jae) ဟာ ချမ်းသာပြီး ဖောက်ပြန်နေတဲ့သူတွေရဲ့နောက်ကိုခိုးလိုက်ပြီးဓာတ်ပုံရိုက်ရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။တစ်နေ့မှာတော့ ဆန်းဝူတစ်ယောက် သူ့အဖေဆုံးတဲ့သတင်းကို ကြားလိုက်ရပြီးအဖေရဲ့ နောက်မိန်းမကလည်း ဘယ်ကိုရောက်မှန်းမသိ ပျောက်သွားတဲ့အတွက်သူ့အဖေရဲ့အကြွေးတွေက သူ့ဆီကို ပုံကျလာပါတယ်။ဒါကြောင့် သူ့မိထွေးကိုရှာဖို့ ရှားပါးရောဂါတစ်ခုကြောင့် အသက်၁၂နှစ်ပဲရှိသေးပေမဲ့လူလတ်ပိုင်းယောက်ျားကြီးလို ရုပ်ရင့်နေတဲ့ အဖေတူအမေကွဲ ညီလေးအိုဘုံဂူ (Lee Beom Soo) ကို အရင်လိုက်ရှာရပါတော့တယ်။ချက်ကလွဲပြီး ဘာဆို ဘာမှမတူကြတဲ့ သူတို့၂ယောက် ပထမဆုံးတွေ့ဆုံပြီးအကြွေးဆပ်ဖို့ ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ ဟာသနှောပြီးကြည့်ရှုရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။