ဒီတစ်ခါတော့ ကနေ ၂၀၁၈ကထွက်ထားတဲ့ ကိုရီးယားကား On Your Wedding Dayကိုပြန်လည်ရိုက်ကူးထားတဲ့ တရုတ်အချစ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်ဒီကားလေးကတော့ မိန်းကလေး တစ်ယောက်တည်းကိုပဲ မပြောင်းလဲဘဲ၁၅နှစ်တာလုံးချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ကူးပုံဖော်ထားတဲ့ ရိုမန့်ကားလေးပါ ဇာတ်ကြောင်းလေးကတော့…ကျိုးရှောင်ချီဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲတမ်းရန်ဖြစ်ကျောင်းလစ်နေကျ ကောင်ဆိုးလေးတစ်ယောက်ပါ သူ့အသက် ၁၇နှစ်အရွယ်မှာပဲရှောင်ချီဟာ ကျောင်းပြောင်းကျောင်းသူလေး ယိုယုံစစ်ကို မြင်မြင်ချင်းချစ်မိသွားခဲ့တယ် အဲ့နောက်မှာတော့ ရှောင်ချီတစ်ယောက်ယုံစစ်နောက်ကနေ တကောက်ကောက်လိုက်ရင်း သူတို့နှစ်ယောက်သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ သူတို့နှစ်ယောက်အတူတူပေါက်ကရတွေလုပ်ရင်း သူတို့သံယောဇဉ်တွေ တိုးလာပြီလို့ရှောင်ချီတစ်ယောက်ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ သူ့အထင်တစ်ခုသာဖြစ်နေခဲ့ပါတယ်တစ်နေ့မှာ ယုံစစ်တစ်ယောက် ရှောင်ချီကို နှုတ်ဆက်စကားတစ်ခွန်းပဲဆိုပြီးထွက်သွားပြီးနောက်ပိုင်းမှာ ယုံစစ်နဲ့ ရှောင်ချီ ဘယ်လိုမျိုးပြန်တွေ့ ကြမလဲရှောင်ချီရဲ့ အချစ်တွေကရော ရောင်ပြန်ဟပ်လာမှာလားဆိုတာဆက်လက်ပြီးတော့ ကြည့်ရှုခံစားကြရမှာပါနော်