1981 ခုနှစ်မှာထွက်ရှိခဲ့တဲ့ An American Werewolf in London ရဲ့ sequel ရုပ်ရှင်ဖြစ်ပြီးဒီတကြိမ်မှာတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ဇာတ်အိမ်တည်ထားပါတယ်။ 1981 ရုပ်ရှင်အပြီး လန်ဒန်မြို့မှာ ဒေးဗစ် ကတ်စလာ ေ-သဆုံးသွားခဲ့တဲ့နောက်ဒေးဗစ်ရဲ့ ချစ်သူ အဲလက်စ် ပရိုက်စ်က ဒေးဗစ်နဲ့ရခဲ့တဲ့ သမီးလေး ဆာရာဖင်းနဲ့အတူပဲရစ်မြို့ကိုပြောင်းနေခဲ့တာကနေ ဆာရာဖင်းအရွယ်ရောက်လာပြီးနောက်ပိုင်းကို ဇာတ်လမ်းဆက်ထားတာပါ။1981 ရုပ်ရှင်ကိုပဲကျောရိုးယူထားပြီး ရိုက်ကူးထားတာဖြစ်ပေမဲ့ အထူးပြုလုပ်ချက်တွေ ၊မိတ်ကပ်တွေက 1981 ရုပ်ရှင်ကို မမှီဘူးဆိုပြီး ဝေဖန်မှုတွေရှိခဲ့တဲ့ ရုပ်ရှင်ကားပဲဖြစ်ပေမဲ့လည်းကောင်း၊ မကောင်းကိုတော့ ကိုယ်တိုင်ကြည့်ပြီးမှ ဆုံးဖြတ်လိုက်ကြပါဦးဗျ။သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။